မန္တလေးကို ချစ်လို့ပါ။ မန္တလေးဆိုတာ မြန်မာပါ PDF Print E-mail
Written by လူထုစိန်ဝင်း   
   

 

      မန္တလေးက မိတ်ဆွေတစ်ယောက် ဖုန်းဆက်လာပါတယ်။ မန္တလေးမှာ လွမ်းစရာလေးတွေလည်း ရှိပါသေးတယ် ဆိုတာပြောပြချင်လို့ ဆက်လိုက်တာလို့ ဆိုပါတယ်။ မန္တလေးတောင်ကိုလမ်း လျောက်သွားတော့ တောင်တက်လမ်း တစ်လျောက်လုံး တမာတွေပွင့်ပြီး တမာနံ့တွေသင်းနေလို့ ဆရာ့ကို သတိရလိုက်မိတယ်လို့လည်း ပြောပါတယ်။

 

သူ့ခေတ်ကိုယ့်ခေတ်မန္တလေး


သူက မန္တလေးသားစစ်စစ်၊ မန္တလေးကိုသိပ်ချစ်တဲ့သူပါ။ ရှေးဖြစ်ဟောင်းတွေပြောလို့ မကုန်နိုင်အောင် ဖြစ်ပြီး သူ့ခေတ်ကိုယ့်ခေတ် မန္တလေးကို လွမ်းတသသဖြစ်နေကြရပါတယ်။ မုန့်ပြစ်သလက်အဖြူထဲကို ဘယာကြော် တစ်ခုချေထည့်ပြီး နှမ်းထောင်းလေး ဖြူးစားရတဲ့ အရသာအကြောင်းပဲဖြစ်စေ၊ လျမ်းစိန်ဟိုတယ်က ခေါက်ဆွဲကြော်သွား ၀ယ်တဲ့အခါ အင်ဖက်နှစ်ခုအကြားထည့်ပေးမြဲ ငရုတ်ဆီဆမ်းထားတဲ့ ကြက်သွန်ချဉ်မေ့မကျန်ရစ်အောင် ဂရုစိုက်ရတဲ့ အကြောင်းဖြစ်စေ၊ သင်္ကြန်နီးလို့ ယိမ်းတိုက်ကြတဲ့အခါများမှာ မီးသတ်ဗိုလ်ကြီး သားဘိုဘိုနဲ့ မတင်အောင်တို့ လက်မလည်အောင်ဖြစ်နေကြရတဲ့ အကြောင်း ဖြစ်စေ၊ ၀င်းလိုက်ရုံထဲက အစ်မကြီး မမြရီရဲ့ မုန့်တီလက်ရာအကြောင်းဖြစ်စေ၊   အောင်ဇေယျာကဖေး အကြောင်းဖြစ်စေ၊ ဈေးချိုထဲကကျော်လှိုင်ကဖေးအကြောင်း ဖြစ်စေ စိတ်ကူးရောက်ရာအကြောင်း အရာမျိုးစုံကို သူနဲ့အချိန်အခါမရွေး ပြောလို့ရတယ်။


မန္တလေးမှာ မန္တလေးအကြောင်းပြောမရ


ဒီလို ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ရသူက ဒီခေတ်မှာတော်တော်ရှားတယ်။ မန္တလေးရောက်တုန်းရောက်ခိုက် မင်းသီဟဆိုင်မှာ တစ်မနက်လုံးထိုင်နေတာတောင် မျက်နှာသိတစ်ယောက်မှ တွေ့ရတာမဟုတ်ဘူး။ ကိုယ့်ကိုလည်း ဘယ်သူမှမသိကြဘူး။ တစ်ဝိုင်းတည်း ထိုင်တဲ့ မန္တလေးစာပေသမားတွေကလည်း အသက်တော်တော်ငယ်ကြတာ ဆိုတော့ စကားကဆက်စပ်လို့ မရဘူး။ ကိုယ်သိတဲ့ မြို့မကိုသူတို့က ဘာမှသိကြ တာ မဟုတ်သလို၊ သူတို့ပြောတဲ့မြို့မ ဆိုတာကိုလည်း ကိုယ်ကဘာမှမသိလေတော့ ပြောရတာ ပေါ့ရွှတ်ရွှတ်နဲ့ စိတ်ဝင်စားဖို့ မကောင်းဘူး။ တခြားအကြောင်းအရာတွေဘက် ကူးသွားလည်းဘာမှ မထူးဘူး။ လက်ဖက်ရည်ဆိုင်မှာ မန္တလေးသားတွေနဲ့ ကမ္ဘာကြီးအကြောင်း ပြောလို့ရတယ်။မန်ယူအကြောင်း ပြောလို့ရတယ်။ မန္တလေးအကြောင်းတော့ ပြောလို့မရဘူး။ ရယ်စရာတော့ အကောင်းသား။


အိပ်မက်ထဲမှာပဲလွမ်း


ဖုန်းဆက်လာတဲ့ မိတ်ဆွေကို စိန် ပန်းတွေရော မပွင့်သေးဘူးလားလို့ မေးတော့စိန်ပန်းနဲ့ ငုက သင်္ကြန်ပြီးမှပွင့်တာလေ။ အခုတော့ တစ်မြို့လုံးတမာတွေပဲ လှိုင်လှိုင်ပွင့်နေတယ်လို့ ပြန်ဖြေပါတယ်။ ဟုတ်သားပဲ။ ဇွန်လကျောင်းပြန်ဖွင့်ချိန် ဆိုရင် မန္တလေးတက္ကသိုလ်ထဲက စိန်ပန်း ပင်တွေ ပင်လုံးကျွတ်ပွင့်ပြီး နီရဲနေတာ ပြန်ပြီး သတိရမိတယ်။ မန္တလေးမှာ လွမ်းစရာလေးတွေလည်း ရှိပါသေးတယ် လို့ မိတ်ဆွေပြောတာက အိပ်မက်ထဲမှာပဲ လွမ်းတော့မယ်ဆိုတဲ့ စာတစ်ပုဒ်ရေးခဲ့ဖူးတာကြောင့်ပါ။ တန်ဆောင်မုန်းလ မန္တလေးမှာ ပွဲဈေးတန်းလျောက်ချင်လို့ ပွဲရှာတာ တစ်မြို့လုံးသာနှံ့ရော ပွဲဈေးတန်းရှာမတွေ့တဲ့အကြောင်း မုန့်တီနဲ့မြီးရှည်ဆိုင် ကို အတော်လိုက်ရှာရပေမယ့် နေရာတကာ ဆန်ခေါက်ဆွဲဆိုင်နဲ့ အကင်ဆိုင် တွေပဲတွေ့နေရတဲ့အကြောင်း၊ အဲဒါကြောင့် အိပ်မက်ထဲက ရှေးခေတ်မန္တလေးကိုပဲ လွမ်းနေတော့မယ့်အကြောင်းရေး ခဲ့တာဖြစ်တယ်။

 " အဟောင်းတွေကိုလွမ်း အတိတ်ကိုပဲ တမ်းတနေတာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်ဇာတိဇစ်မြစ်(root)ကိုချစ်ပြီး ကိုယ့်အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ် မဟုတ်လား။... "


မန္တလေးကိုချစ်လို့၊ နှမြောလို့


မန္တလေးဆိုတာ မြန်မာ့ယဉ်ကျေးမှုရဲ့ဗဟိုချက်ပါ။ ဘာသာသာသနာရဲ့ စုလစ်မွမ်းချွန်လည်းဖြစ်တယ်။ လွမ်းစရာ တွေ မရှိဘဲနေပါ့မလား။ မန္တလေးကိုချစ်လို့။ မန္တလေးကိုနှမြောလို့၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးလို့ ၀မ်းပန်းတနည်းရေး ခဲ့တာဖြစ်တယ်။ လွမ်းတာမှ ရင်ထဲနင့်နေအောင်ကို လွမ်းတာပါ။ မုန့်ပြစ်သလက်နဲ့ ဘယာကြော်ကိုလည်းလွမ်းပါတယ်။ မမြင် မတွေ့ရတာ၊ မစားရတာနှစ်ပေါင်းငါးဆယ်လောက်ရှိပြီဖြစ်တဲ့ သင်္ဘောမကျီးသီး (တရုတ်မကျီးသီး) ကွေးကွေးလေးတွေနဲ့ သင်္ဘောဇီးဖြူသီးနဲ့ သစ်ချိုသီးတွေကို လည်းလွမ်းပါတယ်။ ခိုတောင်မုန့်တီကို လွမ်းသလို မစီမာဇီး(ဆီး)ငန်ပြားကိုလည်း လွမ်းပါတယ်။ ကလေးဘ၀တစ်ခုလုံး ကုန်ဆုံးခဲ့ရတဲ့ ဖားသားလဖုန်းကျောင်းကြီးကို လည်းလွမ်းပါတယ်။ မန္တလေးတက္ကသိုလ် တောင်ဘက်အထွက်က လယ်ကွင်းစိမ်းစိမ်းတွေကိုလည်း လွမ်းပါတယ်။ စိန်ပန်းပင်တွေနဲ့ ကုက္ကိုပင်ကြီးတွေကိုလည်း လွမ်းပါတယ်။ ရွှေပြည်အေးဆောင်နဲ့ ရွှေမန်းဆောင်ကိုလည်းလွမ်းပါတယ်။ လူထု တိုက်ကိုလည်း လွမ်းပါတယ်။


တာကေတဆိုတာရှိသလား


အဟောင်းတွေကိုလွမ်း အတိတ်ကိုပဲ တမ်းတနေတာ မဟုတ်ပါဘူး။ လူဆိုတာကိုယ့်ဇာတိဇစ်မြစ်(root)ကိုချစ်ပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန် ရှိတယ်မဟုတ်လား။  မနေ့ကပဲ သတင်းစာထဲက ကုမ္ပဏီကြော်ငြာတစ်ခုဖတ် လိုက်မိတယ်။ ကုမ္ပဏီလိပ်စာဖော်ပြရာ မှာ Takayta လို့ အင်္ဂလိပ်လိုရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ သနဲ့တကွဲအောင် မပြောတတ်သူတစ်ယောက်က သူ့ပါးစပ်က အသံထွက်အတိုင်း ရေးလိုက်တော့ သာကေတအစား တာကေတ ဖြစ်သွားတော့တာပေါ့။ နောင်နှစ်ပေါင်းများ စွာကြာတဲ့အခါ တာကေတဆိုတဲ့မြို့ ဘယ်နေရာမှာရှိတာလဲလို့ သမိုင်းသုတေသီတွေ အလုပ်ရှုပ်မကုန်ကြပေဘူး လား။ တာကေတလိုပဲမတိဘူး၊ မတွားဘူးလို့ ရေးကုန်ကြရင် မြန်မာစာတွေ ပျက်စီးခြင်းငါးပါး ဖြစ်သွားတော့မှာပါ။ အခုတောင် မြန်မာစာက တော်တော်မျက်နှာငယ်နေပါပြီ။ မြန်မာဂျာနယ်မဂ္ဂဇင်း တွေမှာ မြန်မာနာမည်နဲ့ ထုတ်တာတော် တော်ကို နည်းပါတယ်။


မန္တလေးဆိုတာ မြန်မာပါ


ကိုလိုနီလက်သစ်ဆိုတာက ရှေးခေတ်လက်ဟောင်း ကိုလိုနီစနစ်လို၊ ပိုက်ဆံအများကြီး အကုန်ခံပြီး စစ်တပ်တွေ စေလွှတ်သိမ်းပိုက်တာမျိုး မဟုတ်ဘူး။ လူသုံးကုန်ပစ္စည်း အပေါစားတွေနဲ့ ယဉ်ကျေးမှုတွေ ဘာသာစကားတွေကို ဒလဟောတင်ပို့ပြီး သူတို့သြဇာလွှမ်းမိုးအောင် လုပ်တာဖြစ်တယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့နည်းပဲ။ ဒီနေ့ ကျွန်တော်တို့ ထမင်းစားပွဲတွေပေါ်မှာ ကောက် ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်တို့ မုန့်ပြစ်သလက်နဲ့ ဘယာကြော်တို့ မတွေ့ရတော့ဘူး။ ဒင်းမ်ဆမ်းတို့ ပီဇာတို့၊ ဟမ်ဘာကာတို့၊ အကင်စုံတို့ ပဲခေါက်ဆွဲနဲ့ ကင်ချီတို့၊ မာလာဟင်းတို့ ၀က်သားပေါင်းတို့ ဘဲကင်အခေါက်ကင်တို့လို နိုင်ငံစုံစား စရာတွေက နေရာယူထားကြပြီလေ။ ကိုလိုနီလက်သစ်ဆိုတာ ယဉ်ကျေးမှု သြဇာလွှမ်းမိုးအောင်အရင်လုပ်ပြီး စိတ်ဓာတ်ကိုချုပ်ကိုင်တာဖြစ်တယ်။ လက်ဟောင်းကိုလိုနီသမားသုံးတဲ့ စစ်တပ်တွေ အစား စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ မီဒီ ယာတွေကိုသုံးပြီး ထိုးဖောက်တာဖြစ်တယ်။ ထိလည်းပိုထိရောက်တယ်။ ကျွန်တော်တို့ မီဒီယာသမားတွေ ကိုယ်တိုင်က ကိုလိုနီလက်သစ်ဝါဒကို ဖြန့်ချိပေးသူတွေတော့ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်။ မန္တလေးဝိညာဉ်မပျောက်ကွယ် စေချင်တာက မြန်မာကိုချစ်လို့ပါ။ မန္တလေးဆိုတာမြန်မာပါ။

 

Comments

 
+1 #14 ဧကရီ 2010-04-03 21:58
ပြောပြန်ရင်လည်း ဒီဘူတာပဲ ပြန်ဆိုက်ဦးမယ် ။ မြန်မာပြည်လည်း နောင်ဆို စပိန်နဲ့ အမေရိကန်ရောထားတဲ့ ဖိလစ်ပိုင်လိုမျိုး ကိုယ့်ကိုယ်ပိုင် အမှတ်အသားဆိုတာ လက်ညှိုးထိုးပြစ ရာမရှိ ဖြစ်လာလိမ့်မယ်။
 
 
+1 #13 ဇော်အောင် 2010-04-01 21:13
Quoting kemose:
မြန်မာတွေခောတ်မှီဖို့လိုလာပြီး ။ ကိုးရီးယားကင်ချီ လူကြိုက်များအော င်ဘာလို့လုပ်နို င်လဲ။ ကမ္ဘာကျော်အောင်ဘာလို့လုပ်နိုင်လဲ။ မြန်မာငါးပိရည်ကျတော့ရော အဲလိုမျိုးဘာလို့  မလုပ်နိုင်တာလဲ။ အဖြေက အဲဒါဘဲ။ သေချာစဉ်းစားကြည့် သူတို့က သန့်သန့်ရှင်းရှ င်း လတ်လတ်ဆတ်ဆတ် လုပ်တယ်။ သူတို့ ရုပ်ရှင်ကားတွေထဲမှာ ထည့်တယ်။ မြန်မာငါးပိရည်က လုပ်ရင်လဲ ပြစ်စလက်ခက်။ ရုပ်ရှင်ကားမှာကျတော့လဲ မင်းသား မင်းသမီးတွေက အစ ငါးပိရည် စားရင် အောက်ကျသလို အောက်ခြေလူတန်းစားကားတွေမှာဘဲ တွေ့ရတယ်။ အဲဒီတော့ ငါးပိရည်ရဲ့ အဓိပါယ်ကအောက်ြေ ခလူတန်းစား တွေ စားတဲ့ဟာလားပေါ့ ။ ကြည့် ရုပ်ရှင်မှာတောင်ကွာတာ ပြောတာပါ။ ကိုးရီးယားကားတွေကျတော့ လူတန်းစားမရွေး ဒါဟာ သူတို့ ရိုးရာစာ ဆိုပြီးတော့ စားပြတယ်။ စားကျတယ်။ မှိန်ရေယှက်ရေ။ ကဲ ဘာကွာလဲ။ မြန်မာတွေ မဟုတ်တဲ့နေရာရှက်တယ်။ ရှက်သင့်တယ်နေရာ မှာ မရှက်ဘူး။ အဲဒါမြန်မာလူမျိုးစိတ်ဓါတ်ကြောင့်ဘဲ။ အဲဒါတွေကိုပြင်သ င့်တယ်ထင်။ သူများယဉ်ကျေးမူ လွှမ်းမိုးတာမဟုတ်ဘူး။ ကိုယ့်လူမျိုးတွေကိုက ယဉ်ကျေးမူကို ကိုယ်တိုင်ဖျက်ဆီးနေကြာတာ။ ဘယ်လောက်ဆိုးလဲ။ ရင်နာဖို့ ဘယ်လောက်ကောင်းလဲ။

..very good friend...
 
 
+1 #12 ဇော်အောင် 2010-04-01 21:10
Quoting shwethikewinn2:
ကျနော်ပြောပြချင်တာက ယဉ်ကျေးမှုရဲ့ အဓိပ္ပါယ်ကို ပါ။ ယဉ်ကျေးမှုဆိုတာ အခြေနေနဲ့လျော်ညီအောင် လိမ္မာပါးနပ်စွာေ နထိုင်ခြင်းပါ။ လူတွေ သားစိမ်း ငါးစိမ်းစားတဲ့ဘ ၀ကနေ ဒီလိုမျိုးဖြစ်လာခဲ့တာ အခြေနေနဲ့ လိုက်လျောမှုရှိေ အာင် ကြံဆ နေထိုင်နိုင်ခဲ့ ကြလို့ပါ။ မီးကို တွေ့ရှိတဲ့ အချိန်မှာ ဒို့ဘိုးဘွားတွေ သားစိမ်း ငါးစိမ်းစားခြဲ့ ကတာပဲလို့ ဘယ်သူမှ သားစိမ်းငါးစိမ်းဆက်စားမနေတော့ဘူး။ အခုလဲ ဒီလိုပါပဲ။
...ဒါဆိုရင်တော့ အမျိုးဆိုတာ လက်ညှိုးထိုးစရာ ခင်ဗျား မှာ ရှိမယ်မထင်ဘူးဗျာ..
 
 
+1 #11 shwethikewinn2 2010-03-31 23:08
ကျနော်ပြောပြချင်တာက ယဉ်ကျေးမှုရဲ့ အဓိပ္ပါယ်ကို ပါ။ ယဉ်ကျေးမှုဆိုတာ အခြေနေနဲ့လျော်ညီအောင် လိမ္မာပါးနပ်စွာေ နထိုင်ခြင်းပါ။ လူတွေ သားစိမ်း ငါးစိမ်းစားတဲ့ဘ ၀ကနေ ဒီလိုမျိုးဖြစ်လာခဲ့တာ အခြေနေနဲ့ လိုက်လျောမှုရှိေ အာင် ကြံဆ နေထိုင်နိုင်ခဲ့ ကြလို့ပါ။ မီးကို တွေ့ရှိတဲ့ အချိန်မှာ ဒို့ဘိုးဘွားတွေ သားစိမ်း ငါးစိမ်းစားခြဲ့ ကတာပဲလို့ ဘယ်သူမှ သားစိမ်းငါးစိမ်းဆက်စားမနေတော့ဘူး။ အခုလဲ ဒီလိုပါပဲ။
 
 
+1 #10 shwethikewinn2 2010-03-31 23:08
လှည်းယဉ်လေးနဲ့ ကြော့ကြော့မော့ေ မာ့လေး သွားလာခဲ့ကြတာ ကျနော်တို့ ဗမာတွေရဲ့ ကြည်နူးတွေရဲ့ မမေ့ပျောက်နိုင် စရာ ရိုးရာပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့  ဒို့ရိုးရာပဲ ဆိုပြီး ဖုန်တထောင်းထောင်းနဲ့ နွားမောင်းပြီး လှည်းစီးမသွား ချင်ကြတော့ပါဘူး ။ ဒါကို သတိပြုရပါမယ်။
 
 
+1 #9 shwethikewinn2 2010-03-31 23:07
သတိမပြုမိရင် ယဉ်ကျေးမှုဆိုတာ ငါးပိစားတာ မုန့်ပျားသလက်စားတာ နွားလှည်းစီးတာေ တွပဲလို့ ထင်စရာဖြစ်သွားတ တ်ပါတယ်။ ငပိစားတယ်ဆိုတာက ဒီလိုရှိပါတယ်။ ကျနော်တို့နိုင် ငံက အပူပိုင်းမှာပါ။ နိုင်ငံသားအများ စုကလဲ ချွေးထွက်တဲ့ အလုပ်တွေကို လုပ်နေကြရပါတယ်။ ဒီတော့ ကျနော်တို့ကိုယ် ထဲက အငံဓါတ်တွေက ဆုံးရှုံးကုန်ပါတ ယ်။ အဲဒီအငံဓါတ်တွေကို အကောင်းဆုံး အသင့်တော်ဆုံး အစားထိုးပေးနိုင်တာကတော့ ကျနော်တို့ရဲ့ ဇတ်လိုက်ကျော်ကြီး ငပိ ပါပဲခင်ဗျာ.။ တကယ်လို့ ကျနော်တို့ နိုင်ငံသားတွေဟာ ချွေးထွက်အောင်အ လုပ်လုပ်စရာ မလိုပဲ ရွှေပေါ်မြတင်နဲ့ အဲကွန်းခန်းထဲမှာ ခလုပ်နှိပ်ရုံနဲ့  ပိုက်ဆံရနေတဲ့ ခေတ်ရောက်သွားရင် ငပိစားတဲ့ ယဉ်ကျေးမှုဆိုတာလဲ သားစိမ်းငါးစိမ်းစားတဲ့ ယဉ်ကျေးမှုစွန့်လွှတ်ခဲ့ သလို စွန့်လွှတ်ကြရမှာ ပါပဲ။ ဒါဟာ နိယာမပါ။
နောက်ပြီးတော့ ဆရာလူထုစိန်ဝင်း ရဲ့ ဆောင်းပါးတွေက အနောက်နိုင်ငံသားဆိုပြီး အမြင်စောင်းတဲ့ သဘောထားတွေတွေ့ေ နရပါတယ်။
 
 
+1 #8 mtkmay9 2010-03-30 10:30
ကိုးရီးယားတွေ ခေတ်မီတယ်။ ဒါပေမယ့် ရိုးရာယဉ်ကျေးမှု တွေကျန်သေးတယ်။
ဒီမှာက ခေတ်မမီသေးဘူး။ ယဉ်ကျေးမှုက နောက်ရောက်နေပြီ
ကွာတယ်။
 
 
+1 #7 shwethikewinn2 2010-03-28 17:49
လူထုစိန်ဝင်းရဲ့ အမြင်တွေကို ဝေဖန်စိစစ်ကြပါဦး အလဲဗင်း နောင်တော်တို့ရေ ။ မျက်ကန်းမျိုးချ စ်ဖြစ်နေပြီခင်ဗျ။ ဒီလိုပုံမျိုးနဲ့ ကတော့ ဘာမှ ဖြစ်မလာနိုင်ဘူး ဆိုတာ မှတ်ပါ။
 
 
+1 #6 iluvmyanmar 2010-03-27 17:56
ဟုတ်ပါတယ်
ဲ့သမီးအတွက်တော့ မန္တလေးဟာဇာတိမြေ အစစ်ပါ> ဘယ်လောက်တန်ဖိုး ကြီး အစားအစာကိုစားနေ ရပါစေ မြန်မာမှာငပိရည် နဲ့စားရတာလောက် စားမကောင်းပါဘူး
 
 
+1 #5 hankoaung 2010-03-23 22:03
Fwd Mail ထဲကနေရလို့ ဒီမှာ ပြန်ဖြန့်ဝေတာပါ ဗျာ။ http://vimeo.com/9943839 (Link) မန္တလေးသားသားစစ် စစ်ကြီး တစ်ခန်းရပ်ပြဇာတ်ဗျ။ ဒါရိုက်တာကတော့ ချစ်စရာ (ရွှေမန်းချစ်စရာ )ပါ။ ဖော်ဝပ်ထဲက စာသားအတိုင်းညွှန်းရမယ်ဆိုရင်တော့  ရယ်အားထက် ငိုအားသန်စေရမယ် လို့ အာမခံရမလားဘဲ။

ဆရာလူထုစိန်ဝင်း ရေးတဲ့ ဒီဆောင်းပါးလေးရ ယ်၊ တစ်ခန်းရပ်ပြဇာတ်ရယ် ရှေ့ဆင့်နောက်ဆင့် ဖတ်မိ ကြည့်မိတော့ အတော်ခံစားရပါတယ်။
 
 
+1 #4 kemose 2010-03-23 06:11
စာပေ၊ဗဟုသုတ၊ လုပ်ပုံကိုင်ပုံ တွေ၊ ကြိုးစားပုံတွေကို အတုမယူဘဲ ဘယ်လိုလေး ဝတ်တယ်၊ ဘယ်လိုလေး လုပ်ကြတယ်။ ဒါဘဲကြည့်နေလို့ ကတော့ ဘာမှ ရမှာမဟုတ်ဘူး။ လူငယ်တွေ ဖြစ်ချင်တာဖြစ်တာဘဲရှိမယ်။ အဓိက ကအတွေးအခေါ်ဘဲ။ အခြေခံ ဗဟုသုတ အဲဒါတွေလိုက်စား ထားရင် လေ့လာထားရင် တခြားဘာမှ ကြောက်စရာမလိုဘူး။
 
 
+2 #3 kemose 2010-03-23 06:10
မြန်မာတွေခောတ်မှီဖို့လိုလာပြီး ။ ကိုးရီးယားကင်ချီ လူကြိုက်များအော င်ဘာလို့လုပ်နို င်လဲ။ ကမ္ဘာကျော်အောင်ဘာလို့လုပ်နိုင်လဲ။ မြန်မာငါးပိရည်ကျတော့ရော အဲလိုမျိုးဘာလို့  မလုပ်နိုင်တာလဲ။ အဖြေက အဲဒါဘဲ။ သေချာစဉ်းစားကြည့် သူတို့က သန့်သန့်ရှင်းရှ င်း လတ်လတ်ဆတ်ဆတ် လုပ်တယ်။ သူတို့ ရုပ်ရှင်ကားတွေထဲမှာ ထည့်တယ်။ မြန်မာငါးပိရည်က လုပ်ရင်လဲ ပြစ်စလက်ခက်။ ရုပ်ရှင်ကားမှာကျတော့လဲ မင်းသား မင်းသမီးတွေက အစ ငါးပိရည် စားရင် အောက်ကျသလို အောက်ခြေလူတန်းစားကားတွေမှာဘဲ တွေ့ရတယ်။ အဲဒီတော့ ငါးပိရည်ရဲ့ အဓိပါယ်ကအောက်ြေ ခလူတန်းစား တွေ စားတဲ့ဟာလားပေါ့ ။ ကြည့် ရုပ်ရှင်မှာတောင်ကွာတာ ပြောတာပါ။ ကိုးရီးယားကားတွေကျတော့ လူတန်းစားမရွေး ဒါဟာ သူတို့ ရိုးရာစာ ဆိုပြီးတော့ စားပြတယ်။ စားကျတယ်။ မှိန်ရေယှက်ရေ။ ကဲ ဘာကွာလဲ။ မြန်မာတွေ မဟုတ်တဲ့နေရာရှက်တယ်။ ရှက်သင့်တယ်နေရာ မှာ မရှက်ဘူး။ အဲဒါမြန်မာလူမျိုးစိတ်ဓါတ်ကြောင့်ဘဲ။ အဲဒါတွေကိုပြင်သ င့်တယ်ထင်။ သူများယဉ်ကျေးမူ လွှမ်းမိုးတာမဟုတ်ဘူး။ ကိုယ့်လူမျိုးတွေကိုက ယဉ်ကျေးမူကို ကိုယ်တိုင်ဖျက်ဆီးနေကြာတာ။ ဘယ်လောက်ဆိုးလဲ။ ရင်နာဖို့ ဘယ်လောက်ကောင်းလဲ။
 
 
+1 #2 minu.min 2010-03-22 23:55
very good article!!!
 
 
+1 #1 shwebo 2010-03-22 12:41
When you are in abroad for 2 or 3 years, trust me, you just want to eat "Ngapi yee". You don't want to eat Pizza or Dimsom, or anything.