မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| အင်းလေးဒေသတွင် ရေချိုခရုများ တိုးပွားလျက်ရှိရာ သီးနှံများကို ဖျက်ဆီးနိုင်မှု အန္တရာယ် ရှိမရှိ သုတေသနပြုနေ |
|
|
|
|
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေအိုင်ကြီးတစ်ခုဖြစ်သည့် အင်းလေးကန်ကြီးသည် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် တည်ရှိပြီး ၂၀၁၀ ပြည့်နှစ် နွေရာသီပူပြင်းမှု မိုးခေါင်မှုတို့ကြောင့် ကန်မကြီးရေမျက်နာပြင် ငါးပေခြောက် ပေခန့်အထိ ကျဆင်း၍ အဓိကချောင်းကြီးများမှာ ခြေချင်းဝတ်မြုပ်ရုံသာ ရေကျန်ရှိကာ ကျေးရွာများရှိ ချောင်းလမ်းများ၊ ရေတွင်းရေကန်များမှာ ခမ်းခြောက်ရုံသာမက မြေသားပတ်ကြားအက်သည်အထိ ကြုံတွေ့ခဲ့ရကြောင်း၊ယခုအခါ မိုးတွင်းကာလ ရောက်ပြီ ဖြစ်သော်လည်း ကန်မကြီးနှင့် ချောင်းများ၏ ရေမျက်နာပြင်မှာ သုံးလက်မမှ ခြောက်လက်မအတွင်း သာတက်လာပြီး ယနေ့အထိ တစ်ပေအမှတ်အသားအထိပင် တိုးမလာသေးကြောင်း ဒေသခံများက ပြောပြသည်။ ထိုအခြေအနေတွင် အင်းလေးကန်မကြီးနှင့် ချောင်းများအတွင်းရှိ ငါးမျိုးစိတ်အများစု၏ အသက်ရှင်ရပ်တည်မှုမှာ အခက်အခဲများစွာ ကြုံတွေ့ရင်ဆိုင်နေရရုံသာမက အင်းလေးပျော်ခရုမျိုးစိတ် ၂၀ အနက်မှ ကန်အောက်ခြေတွင် အများဆုံး နေထိုင် တတ်သည့် ရေချိုခရု Apple Snail (Pomacea sp.) များသည် ဥများကို အိမ်တိုင်ခြေများနှင့် ရေမှော်ပင်များတွင် တွယ်ကပ်၍ ဥထားခြင်းကြောင့် ရေကျချိန်တွင် ရေပေါ်နှစ်ပေခန့်အထိ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း၊ ထိုဆု အမျိုးအစားမှာ တစ်မူထူးခြားပြီး အရေအတွက် တစ်နေ့ထက်တစ်နေ့ တိုးပွားလျက်ရှိရာ ဒေသထွက် အဓိက ခရမ်းချဉ်သီးအပါအ၀င် စပါးနှင့်အခြားသီးနှံများကို ၀ိုင်းဝန်းဖျက်ဆီးလာနိုင်သည့် အန္တရာယ်ရှိမရှိနှင့် အန္တရာယ်ရှိပါက မည်သို့မည်ပုံ ကာကွယ်နိုင်နှိမ်နင်းမည်ကို တောင်ကြီးတက္ကသိုလ်၊ သတ္တဗေဒဌာန၊ ပါမောက္ခ ဒေါ်နုနုစံ ဦးဆောင်သော ဒေသခံများပါဝင်သည့် လေ့လာရေးအဖွဲ့က အထူးသုတေသနပြုဆောင်ရွက်လျက် ရှိကြောင်းနှင့် မကြာမီ လေ့လာတွေ့ရှိချက်များကို အသေးစိတ် တင်ပြနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ |





Comments
http://www.applesnail.net/content/various/eating_snails.htm
Apple snails are well edible and are often considered a protein rich delicacy. The nutritional value of apple snails is relatively high.
Values for 100 g fresh apple snail meat
Food energy 83 calories / 347 Joules
Protein 12.2 g
Fat 0.4 g
Carbohydrates 6.6 g
Fiber 0 g
Ash 3.2 g
Phosphor 61 mg
Sodium 40 mg
Potassium 17 mg
Riboflavin 12 mg
Niacin 1.8 mg
Vit C., zinc, copper, manganese, and iodine small amounts