မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်၊ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင်လည်း မြေသားပြတ် တောက်ရွေ့လျားခြင်းများ ဖြစ်ပေါ် |
|
|
|
|
ဖားကန့်မြို့နယ် ဥရုချောင်းဖျား ကံဆီး-အောင်ဘာလေရွာနှင့် ဖားကန့်၊ လုံးခင်း၊ ဆိပ်မူတို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှစတင်၍ မိုးသည်းစွာ ရွာသွန်းမှုကြောင့် ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ ကုဋေမှော်အစရှိသော ဒေသများတွင် လူနေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာ အေ၀မ်းရပ်ကွက်တွင်လည်း ပုံမှန်မြေအနေအထားမှ မြေသားနိမ့်ကျခြင်း၊ မြေသားများ ရွေ့လျားခြင်း၊ အက်ကွဲလာခြင်းစသည့် ထူးခြားဖြစ်စဉ် အချို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းစွာ ရွာသွန်းခဲ့မှုကြောင့် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စိုးရိမ်ရေအမှတ်တိုင် နစ်မြှုပ်သွားသည်အထိ ရေတက်လာခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေ ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များမှ လုံးခင်းဥရုချောင်းဘေးနေ ပြည်သူများအား လိုက်လံသတိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ ''လုံးခင်းမှာ ကျွန်တော်နေတာ နှစ်ပေါင်း ၇၀ ရှိပြီ ဒီတစ်ခါလောက် ရေကြီးတာ မတွေ့ဖူးဘူး။ ဘုန်းကြီးကျောင်း၊ ရပ်ကွက်ရုံးရှေ့၊ ရပ်ကွက် (၁) တို့အထိ ဘယ်တုန်းကမှ ရေမရောက်ဘူး။ အခုမှပဲ မြင်ဖူးတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာ ဆိုရင် ရေက ၅ ပေလောက်အထိ ရှိတယ်။ အခုဆိုရင် ကုန်းနည်းနည်းကျတဲ့ နေရာကလွဲပြီး တစ်ရွာလုံးနီးပါး ရေ၀င်နစ်မြုပ်နေပါပြီ။ ရပ်ကွက် (၁) ဘက်က ၀င်လာတဲ့ရေဆိုရင် လုံးခင်းဈေးထဲမှာ ချောင်းကြီးကျနေတာပဲ''ဟု လုံးခင်းကျေးရွာမှ အသက် ၇၀ အရွယ် အဘိုးတစ်ဦးက ပြောပါသည်။ ရေအတက်ဆုံးအချိန်တွင် လုံးခင်းရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၄) ရှိ ဗိုလ်ချုပ်လမ်းကြီး တစ်ခုလုံး ရေနစ်မြုပ်ခဲ့ကြောင်း ဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေး စက်လှေများ၊ လှေများဖြင့် အိမ်ခေါင်မိုးပေါ်၌ တက်နေကြသော ရေဘေးဒုက္ခသည်များကို ရေလွတ်ရာသို့ လိုက်လံကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။ လုံးခင်းရပ်ကွက် (၄) အ၀င်တံခါးပေါ်ရှိ လမ်းပေါ်၌ ရေ ၈ ပေ၊ ဘေလီတံတားထိပ် ကားလမ်းဆုံ၌ ၄ ပေခန့်အထိ ရေများဝင်ရောက်ခဲ့ကြောင်း သိရပြီး အောင်ရာရွာ နန့်မားယံချောင်းတံတား၌မူ ရေအနက် ၁၆ ပေခန့်အထိ ရှိခဲ့ကြောင်း သိရသည်။ ''ဒီတစ်ခေါက်ရေကြီးတာ အရမ်းမြန်တယ်။ ၂၀ ရက်နေ့က စကြီးတာ ၂၂ ရက်နေ့အထိ ရပ်ကွက် (၃)၊ (၄)ထဲမှာ ရေ ၅ ပေလောက်အထိ ကျန်နေတုန်းပဲ။ မိုးကလည်း ရွာလိုက်၊ တိတ်လိုက်ဆိုတော့ ရေက တက်လိုက်၊ ကျလိုက်ဖြစ်နေတယ်။ ရေတတ်တာ မြန်သလောက်၊ ရေကျတာ အရမ်းနှေးတယ်။ ရေက တစ်စတစ်စတက်လာတော့ ဆိုင်အပေါ် သွပ်မိုးတွေကို ဖောက်ပြီး ရသလောက် ပစ္စည်းတွေကို သယ်လိုက်ရတယ်။ အောက်ဆုံးမှာကျန်တဲ့ ပစ္စည်းတွေကတော့ ရေစိုပြီး ဆုံးရှုံးသွားတယ်။ ဆန်အိတ်တွေဆို ဘာမှလုပ်လို့မရတော့ဘူး။ ၀က်စာကျွေးဖို့ တစ်အိတ် ၅၀၀ နဲ့ ရောင်းလိုက်ရတယ်''ဟု ဈေးသည်တစ်ဦးက ပြောပါသည်။ ရေဘေးသင့်သူများအတွက် ကျောက်စိမ်းကုမ္ပဏီများနှင့် စေတနာရှင် အလှူရှင်များက ဆန်၊ ဆီ၊ ငါးခြောက်စသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် အစားအသောက်များကို တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များမှ စက်လှေများဖြင့် လိုက်လံ ဝေငှပေးလျက်ရှိကြောင်း သိရသည်။ ရေဘေးသင့်သူအချို့သည် ရေလွတ်သည့် မိမိတို့နီးစပ်ရာ ဆွေမျိုးသားချင်းများထံတွင် နေထိုင်ကြသူများရှိသလို မှော်စီစာသီရိရတနာစိမ်း ဓမ္မာရိပ်သာ၊ ကုဋေမှော် အမကကျောင်း၊ ကုဋေဘုန်းတော်ကြီးကျောင်းနှင့် ကုဋေမှော် နှစ်ခြင်းအသင်းတော်ကျောင်းတို့၌ ခေတ္တနေထိုင်ကြကြောင်း သိရသည်။ ''ဗြုန်းစားကြီး ရေတွေပေါက်ချလာတော့ လူတွေတောင် မနည်းထွက်ပြေးခဲ့ရတယ်။ ရွာထဲမှာဆို ချောင်းကြီး ကျနေတာပဲ။ ပစ္စည်းတွေဆို ယူတောင် မယူနိုင်ဘူး။ ယူချိန်လည်းမရှိဘူး။ ကလေးတွေခေါ်ပြီး ထွက်ပြေးခဲ့ရတယ်။ အချို့အိမ်တွေဆို သဲတွေပိတ်မိပြီး အိမ်ခေါင်မိုးပဲ ကျန်တော့တယ်။ အချို့ဆို အိမ်အလုံးလိုက် ကျွတ်ပါသွားတယ်''ဟု ကုဋေမှော်ရွာသားတစ်ဦးက ပြောပါသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မှော်စီစာကျေးရွာ၊ အေ၀မ်းရပ်ကွက်၊ မှော်စီစာ အပေါ်လမ်းရှိ လမ်းမကြီးသည် မြေလွှာများ တွန့်၍ အက်ကြောင်းများ ဖြစ်ပေါ်ခြင်း၊ အချို့နေရာများတွင် မြေလွှာများ ပြတ်ရွေ့နိမ့်ဆင်းသွားခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခြင်းကြောင့် လူနေအိမ်များ၊ ရေတွင်းများ ပျက်စီးရွဲ့စောင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ မြေလွှာများ တွန့်ခေါက်၍ လျောကျနေသော လမ်းအရှည်မှာ ပေ ၇၀၀ ခန့် ရှိပြီး ပြတ်ရွေ့လျော့ကျသော ဧရိယာမှာ ပေ ၂၀ ခန့်ရှိသလို သုံးပေခန့် မြေသားနိမ့်ဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ရေကြီးမှု ဖြစ်ပွားပြီးနောက် ရေထိုးဖောက်ဝင်လာသည့် နန့်မားယံချောင်း ရေဘောင်၊ ရေကာတာအား သက်ဆိုင်ရာက အနီးရှိ ကုမ္ပဏီများမှ မြေတူးယာဉ်များဖြင့် ရေ၀င်ရာ လမ်းကြောင်းကို ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခြင်း၊ အခမဲ့ ဆေးကုသပေးခြင်းနှင့် လိုအပ်သည်များကို ကူညီပံ့ပိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လောလောဆယ်တွင် ဖားကန့်မှ ဆိမ့်မူသို့ သွားရောက်သည့် အောက်လမ်းမှာ ရေနစ်မြုပ်နေသည့်အတွက် စက်လှေများဖြင့် သွားလာနေရကြောင်း သိရသည်။
ဖားကန့်ဒေသ ရေကြီးမှုသတင်းဓာတ်ပုံများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ |






Comments
ဥရုချောင်းလဲပိတ်နေပြီပဲ။
ကုမ္ပဏီတွေက ပစ်တဲ့မြေဇာတွေက တစ်နေ့တစ်နေ့ နည်းမှ မနည်းဘဲ။
လုံးခင်းမှာတောင်ကြီးနေပြီဆိုတော့ ဆိုင်းတောင်လည်း မြုတ်လောက်ပြီထင်တယ်။
နှစ်တိုင်းမြုတ် နေကျဆိုတော့ ဖားကန့်မှာ အခုဆိုရင် အစားအသောက်တွေ အတော်ကို ဈေကြီးသွားမှာပဲ။
ဖားကန့်မြို့ကြီးဟာလည်း အောက်မှာ လိုဏ်ခေါင်းကြီး ဖြစ်နေပြီဆိုတော့  ဘယ်တော့ မြေအောက်ရောက်မလဲ လို့ ဖားကန့်သားတွေ စိုးရိပ်နေကြပြီ လေ။
တကယ်ဆိုရင် ကုမ္ပဏီတွေကို ကျောက်တူးခွင့်ေ ပးလိုက်တာဟာ တကယ်ကို သဘာဝပတ်ဝန်းကျင် ကြီးကို ဖျက်စီးလိုက်တာနဲ့ အတူတူပါပဲ။
တစ်ခုစိုးရိမ်တာ က ရေကြီးသွားပြီဆိုတော့ ခပ်ပုံခန်းတွေလည်း ရေထဲမြုတ်လောက် ပြီထင်တယ်။ ခပ်ပုံကြိုက်တဲ့ ဖားကန့်လူတွေအတွ က်တော့ သနားမိတယ်။
အခုဆိုရင်တော့ ဖားကန့်မှာ ကျောက်တွေကုန်လောက်ပြီထင်တယ်။ ဒါကြောင့် အရင်တစ်ပတ်က အလဲဗင်းမှာပါတဲ့ ပြည်ပရင်းနှီးမြုပ်နှံမှု ၇၀% လျော့သွားတယ်ဆို တာလေ ပြန်ကြည့်လိုက်ေ တာ့ ၇၀%လျော့သွားတယ်ဆို တာ သတ္တုတွင်းမှာ ရင်းနှီးမြုပ်နှံလျော့သွားတာပဲေ လ။ ဖားကန့်မှာ ဘာမှ မကျန်တော့ ဘယ်သူက ရင်းနှီးမြုပ်နှံတော့မှာလဲ။
ကျောက်တွေတင်မက သစ်တွေလည်းကုန်ြ ပီလေ။
နောက်ဆိုရင် ဒီ့ထက်ဆိုးလာဖို့ သာရှိတော့တယ်။
ဖားကန့်မှာ ဘာမှမရှိတော့ရင် ဘယ်သူမှလည်း နေကြတော့မယ်မထင် ပါဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ေ ကျာ်လောက်က ဒုတိယ ဟောင်ကောင်ဖြစ်ခဲ့ဖူးတဲ့ ဖားကန့်ဟာ အခုဆိုရင်တော့ လွမ်းစရာကြီးပါပဲ။