ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးတိုင်းတွင် လက်ကား ကုန်စည်ဒိုင်များ တည်ထောင်သွားရန်စီစဉ် PDF Print E-mail
  

 တည်ဆောက်ဆဲ ဟင်္သာတ Commodity Trade & Transport Center

  မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးတိုင်းတွင် လက်ကားကုန်စည်ဒိုင်များ တည်ထောင်သွားရန် စီစဉ်ထားကြောင်းနှင့် နိုင်ငံတော်၏ ကုန်သွယ်ရေးမဟာဗျူဟာတွင် ထိုသို့ တည်ထောင်ရန် အတိအလင်း ဖော်ပြထားကြောင်း သိရှိရသည်။

 
    လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ ပခုက္ကူ၊ မုံရွာမြို့စသည့် ကြီးများတွင် လက်ကား ကုန်စည်ဒိုင်ကြီးများ တည်ရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍ လက်ကားကုန်စည်ဒိုင် တည်ရှိရန်လိုအပ်သည့် မြို့ကြီးများ တွင် တည်ထောင်သွားရန် အစီအစဉ် ရှိနေကြောင်း သိရသည်။


    ယခုအခါ ဧရာဝတီတိုင်း ဟင်္သာတခရိုင်တွင် အဝေးပြေးကားဝင်း တစ်ဆက်တည်းပါဝင်သည့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစင်တာ(Commodity Trade & Transport Center)ကို တည်ဆောက်လျက်ရှိပြီး ငါးလအကြာတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။


    Commodity Trade & Transport Center ဟုဆိုသော်လည်း လက်ကားကုန်စည်ဒိုင် ကဲ့သို့ပင်ဖြစ်ကြောင်း အဝေးပြေးကားဂိတ် ၄၀ ထားရှိနိုင်ပြီး ပွဲရုံ ၈၀၊ ဈေးဆိုင်ခန်း ၂၃ ခန်း အပြင် အခြားလိုအပ်သည့် အဆောက် အဦများ ထည့်သွင်းတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။


       လက်ကား ကုန်စည်ဒိုင်ကြီးများ တည်ရှိသည့်မြို့ကြီးများတွင် အဓိကအားဖြင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဖွံ့ဖြိုးမှု၊ ဒေသထွက်ကုန်များပြားမှု၊ ဒေသအစုံဖြင့် ချိတ်ဆက် သွားလာရလွယ်ကူမှု အချက်များနှင့် ကိုက်ညီမှုရှိနေကြောင်း၊ ထို့အတွက် ရေရှည်အသုံးပြုနိုင်သည့် ကုန်စည်ဒိုင်များအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်များက ဆိုပါသည်။


    'အရင်တုန်းက ကျွန်တော်တို့ ဟင်္သာတမှာ ပွဲရုံလုပ်ငန်းရှင်၊ ၀ယ်လက် ကုန်သည်ပွဲစား စုစုပေါင်း အဖွဲ့ဝင် ၁၀၀ ကျော်ပါရှိတဲ့ ကုန်စည်ဒိုင်အသင်းရှိတယ် ဆိုပေမယ့် ကုန်စည်ဒိုင်နေရာ သတ်သတ်မှတ်မှတ် မရှိဘူး။ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာပဲ ချိတ်ဆက်လုပ်ကိုင် ခဲ့ကြတယ်။ အဝေးပြေးကုန်ကားတွေ သတ်သတ်မှတ်မှတ် ရပ်နားတဲ့နေရာလည်း မရှိဘူး။ သင့်တဲ့နေရာရပ်ရတယ်။ ပွဲရုံဆိုရင်လည်း ကိုယ်လုပ်ချင်တဲ့နေရာ မှာလုပ်တယ် စုစုစည်းစည်းမရှိဘူး။ အခုလို တစ်စုတစ်ဝေးတည်းပါတဲ့ ကုန်စည်ဒိုင်လိုမျိုး ရှိလာမယ်ဆိုရင်တော့ ကောင်းပါတယ်။ သင့်တင့်တဲ့နှုန်းနဲ့ လုပ်ကိုင်မယ်ဆို ပိုကောင်းတာပေါ့'ဟု ဟင်္သာတမြို့ခံ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။


    'ဒေသထွက်ကုန်များမယ်၊ သွားလာရ လွယ်ကူမယ်၊ ကုန်စည် ကူးသန်းရောင်းဝယ်မှု သွက်လက်တဲ့ မြို့ကြီးတိုင်းမှာ ကုန်စည်ဒိုင် ရှိသင့်တယ်။ ကုန်စည်ဒိုင်ရှိမှ အခြေခံကုန် ထုတ်လုပ်သူတွေရော စားသုံးသူတွေ အတွက်ပါ အဆင်ပြေမှာလေ။ ဒါပေမယ့် ကုန်စည်ဒိုင်ဆိုတာကလည်း ကုန်စည်ဒိုင်ဖွင့်ပြီး ဒီမှာ ပွဲရုံဖွင့်ရင် ဘယ်လောက်၊ ၀န်ဆောင်စရိတ် ဘယ်လောက်၊ ကားရပ်ရင်ဘယ်လောက် ဆိုတာကို ဦးမတည်ရင် ပိုပြီးအောင်မြင်မယ်လို့ ပြောရဲတယ်။ ပွဲ ရုံတစ်ရုံရဲ့ဈေးက ခေါင်ခိုက်နေမယ်ဆိုရင် လုပ်ငန်းရှင်က လာမှာမဟုတ်ဘူးလေ။ ဒါမှမဟုတ် ဒီစရိတ်တွေ ကျေဖို့အတွက် ကုန်စည်ပေါ်မှာပဲ ဈေးတင်၊ ဈေးချလုပ်ရင် အခြေခံ ကုန်ထုတ်လုပ်သူနဲ့ စားသုံးသူပဲ ပြန်ထိနိုင်တယ်လေ။ ကုန်စည်ဒိုင်လည်း ဖွင့်ပါ၊ သင့်တင့်မျှတတဲ့ ၀န်ဆောင်စရိတ်လည်း ကောက်ခံပါ။ မျှတတဲ့ တန်ဖိုးနဲ့ပဲ သတ်မှတ်လုပ်ကိုင်ပါ။ ဒါမှ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူတို့ မှာရှိတဲ့ ကုန်စည်ဒိုင်တွေလို ရေရှည် ခိုင်ခိုင်မာမာ အသုံးပြုတဲ့ကုန်စည် ဒိုင်မျိုးဖြစ်မှာပါ'ဟု ရန်ကုန်ဘုရင့်နောင် ပွဲရုံရှိ လုပ်ငန်းရှင်တစ်ဦးက လည်း ရှင်းပြခဲ့သည်။

 

Comments 

 
+25 #4 KZMO 2010-07-28 18:49
ဘယ်ကလယ်မြေတွေသိ မ်းပြီးဆောက်နေတာလဲမသိဘူး။
အသိမ်းခံရတဲ့လယ် ပိုင်ရှင်တွေကို ရောကာလတန်ဖိုးနဲ့ ညီတဲ့လျှော်ကြေးနဲ့နစ်နာကြေးပေးရဲ့လားမသိဘူး။
ဒို့နိုင်ငံမှာက စီမံကိန်းဆိုလို့ ရှိရင် ပြည်သူတွေကနစ်နာ ပြီး
အစိုးရနဲ့ကုမ္မဏီ တွေပဲကောင်းစားေ န လို့ပါ
 
 
+7 #3 sky7 2010-07-28 16:11
[[['အရင်တုန်းက ကျွန်တော်တို့ ဟင်္သာတမှာ ပွဲရုံလုပ်ငန်းရှင်၊ ၀ယ်လက် ကုန်သည်ပွဲစား စုစုပေါင်း အဖွဲ့ဝင် ၁၀၀ ကျော်ပါရှိတဲ့ ကုန်စည်ဒိုင်အသင်းရှိတယ် ဆိုပေမယ့် ကုန်စည်ဒိုင်နေရာ သတ်သတ်မှတ်မှတ် မရှိဘူး။ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာပဲ ချိတ်ဆက်လုပ်ကို င် ခဲ့ကြတယ်။ အဝေးပြေးကုန်ကား တွေ သတ်သတ်မှတ်မှတ် ရပ်နားတဲ့နေရာလည်း မရှိဘူး။ သင့်တဲ့နေရာရပ်ရ တယ်။ ပွဲရုံဆိုရင်လည်း ကိုယ်လုပ်ချင်တဲ့ နေရာ မှာလုပ်တယ် စုစုစည်းစည်းမရှိဘူး။ အခုလို တစ်စုတစ်ဝေးတည်း ပါတဲ့ ကုန်စည်ဒိုင်လို မျိုး ရှိလာမယ်ဆိုရင်ေ တာ့ ကောင်းပါတယ်။ သင့်တင့်တဲ့နှုန်းနဲ့ လုပ်ကိုင်မယ်ဆို ပိုကောင်းတာပေါ့ 'ဟု ဟင်္သာတမြို့ခံ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။] ]]]



ကုန်ဈေးနှုန်းတ က်ဖို့...ညှိနှိုင်းကြမယ် ထင်တယ်
 
 
+25 #2 kokonaing 2010-07-28 16:07
safety first တဲ့ ဟ....ကြည့်လိုက်တာတော့ အလုပ်ခွင်ထဲကလူ တွေsafety equipments တွေဘာမှလဲပါဘူး...အဲလိုကြီးမနောက် ပါနဲ့ 
 
 
+15 #1 DioDe 2010-07-28 15:00
မြန်မာလိုတွေရေး မထားတော့ ကိုယ့်နိုင်ငံမှာကော ဟုတ်ရဲ့လားလို့ေ တာင် ထင်နေတာ :-)

“ကြိုဆိုရမှာပါ”