အာရှသတင်းများ
- ဂျပန်ကင်းလှည့် ရေယာဉ်များကို ၀င်တိုက်ခဲ့သည့် တရုတ်ငါးဖမ်းသင်္ဘော ကပ္ပတိန်အား ဖမ်းဆီး
- ပြန်ပေးဆွဲမှု ကယ်ဆယ်ရေး မအောင်မြင်ခဲ့သောကြောင့် ရာထူးမှ အနားယူမည်ဟု ဖိလစ်ပိုင်ရဲချုပ် ကြေညာ ဖိလစ်ပိုင်တွင် ဓားစာခံ လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းရေး အဖွဲ့မရှိကြောင်း စစ်ဆေးတွေ့ရှိ
- ဂျပန်နိုင်ငံသား ထက်ဝက်ကျော်ခန့်က လက်ရှိဝန်ကြီးချုပ်ကို ပိုမိုလိုလားကြောင်း စစ်တမ်းက ဖော်ပြ
- အိုဘားမားက အာဆီယံ ခေါင်းဆောင်များနှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် ဖိတ်ကြားမှုသည် အာဆီယံအပေါ် အမေရိကန်၏ ယုံကြည်မှုကို ပြသခြင်းဖြစ်သည်ဟု ဆူရင်ပစ်ဆူဝမ် ပြောကြား
- ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည် ဟူသည့် သတင်းမှာ ကောလာဟလ ဖြစ်ကြောင်း သက်ဆင် ဖြေရှင်း
- ခရီးသည်များပြန်ပေးဆွဲခံရမှု ကိုင်တွယ်ဖြေရှင်းရာတွင် ညံ့ဖျင်းမှုအပေါ် အပြစ်တင်ခြင်းအတွက် အပြည့်အ၀တာဝန်ယူကြောင်း ဖိလစ်ပိုင်သမ္မတအကွီနိုပြောကြား
- ကမ္ဘောဒီးယားက အာရှအမြင့်ဆုံး မိုးမျှော် အဆောက်အအုံ တည်ဆောက်ရန် စီစဉ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| သန့်ရှင်းသော အစိုးရခေတ်သစ်ကို ထူထောင်မည်ဟု ဖိလစ်ပိုင်သမ္မတ နွိုင်နွိုင်အကွီနို ကတိပြု |
|
|
|
မေလတွင်ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ၌ ခြစားမှု တိုက်ဖျက်သွားမည်ဟူသော ကြွေးကြော်မှုဖြင့် အပြတ်အသတ် အနိုင်ရခဲ့သော သမ္မတ နွိုင်နွိုင်အကွီနိုသည် နိုင်ငံသို့ ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင် သန့်ရှင်းသော အစိုးရခေတ်သစ်ကို ထူထောင်မည်ဟု ပြောကြားခဲ့သည်။
အာရိုယို အစိုးရလက်ထက် အုပ်ချုပ်ရေးလွဲမှားမှုကြောင့် အစိုးရအသုံးစရိတ် အကျပ်အတည်းဖြစ်ပေါ်ခဲ့ပြီး သုံးစွဲရန် ငွေကြေးလုံလောက်စွာ မရှိတော့ကြောင်း နွိုင်နွိုင်အကွီနိုက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်၍ အားပေးကူညီခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။ အများပိုင်နှင့် ပုဂ္ဂလိကပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် စီးပွားရေးတိုးတက်ကာ ပြည်သူများ အကျိုးခံစားရမည်ဖြစ်ကြောင်း၊ ပြည်သူများ အကျိုးရှိစေမည့် ကဏ္ဍ အများအပြားရှိသည်ဟုလည်း သမ္မတ က ပြောကြားခဲ့သည်။
Ref:AFP |





Comments