မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မိုးရာသီအတွင်း ပေါက်ပွားရှင်သန်တတ်သည့် ရခိုင်ဒေသမှ ရေချိုငါးများ ရှားပါးလာ PDF Print E-mail

        မိုးရာသီအတွင်း ပေါက်ပွားရှင်သန်တတ်သည့် ရခိုင်ဒေသမျိုးရင်း ရေချိုငါးအချို့ ရှားပါးမှုရှိလာပြီး မျိုးသုန်းမှုကိုပါ ဒေသအချို့၌ မြင်တွေ့ရကြောင်း သိရှိရပါသည်။

        ရခိုင်ဒေသအတွင်း ယခင်က ချောင်းလက်တက်များ၊ လယ်ကွင်းပြင်များ၌ ပေါက်ပွားရှင်သန်ခဲ့ပြီး ဒေသတွင်း စားသုံးမှုဈေးကွက်၌ မြင်တွေ့ခဲ့ရသော ငါးအချို့မှာ တစ်စတစ်စ ရှားပါးလာကြောင်းနှင့် ယခုနှစ်ပိုင်း၌ ဒေသအချို့၌ လုံးဝပျောက်ကွယ် သွားသည့် ငါးများရှိလာကြောင်း သိရှိရပါသည်။

        "ကျွန်တော်တို့ ဒေသမှာ မိုးခါဆိုရင် လယ်ထဲမှာ ပေါက်ပွားပြီး ချောင်းထဲမှာပဲ ဖမ်းဆီးရမိတဲ့ ငါးအချို့ဟာ အခုအခါ ရှာမတွေ့ ဖြစ်လာတယ်။  ငါးသန်းမတို့၊ ငါးခူတို့၊ စပါးပွင့်ချိန်မှာ ဖမ်းရတတ်တဲ့ ငါးခုံးမကြီးတို့ဟာ ဒီနှစ်ပိုင်းမှာ ရှားပါးသွားပါပြီ။ နောက်ရေချိုငါးတွေဖြစ်တဲ့ ငါးမြင်း၊ ငါးနက်ပြာ၊ ငါးတန်တွေကလည်း ဈေးမှာ မတွေ့ရသလောက်ပါပဲ။ အခု ငါးဖမ်းကိရိယာတွေကလည်း စုံတော့ ငါးအသေးတွေတောင် ရှာဖမ်းလာတော့ ဘယ်ငါးတွေ ပွားလာတော့မှာလဲ"ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါသည်။

        ရခိုင်ဒေသတွင် ရေချိုငါးမွေးမြူရေးမှုမှာ အစပြုလာပြီ ဖြစ်သော်လည်း ဒေသမျိုးရင်းငါးများထက် ထပ်ပေါက်ပွားလွယ်သော မွေးမြူရေးငါးများကိုသာ မွေးမြူလာကြောင်း ငါးမြစ်ချင်းနှင့် တီလားဘီးယားငါးများကို မွေးမြူလာကြကြောင်း သိရပါသည်။ ငါးသားရစ်၊ ငါးသန်း မျိုးပွားရာသီအတွင်း ဖမ်းဆီးခြင်း မပြုရန် တားမြစ်မှုများရှိကြောင်း သိရသည်။