မန္တလေး နှင့် နယ်သတင်းများ
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
- ၀ဥခြောက်များ ပြည်ပတင်ပို့မှု တွင်ကျယ်လျက်ရှိကာ ဈေးကောင်းရလာ
- (၃၉)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့ ခေးနင်းကျေးရွာတွင် ကျင်းပ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ၀ါတွင်းကာလတွင် စစ်ကိုင်းမြို့ရှိ စေတီပုထိုးများအား ဘုရားစဉ်အလိုက် ဆွမ်းကြီးကပ်လှူသည့် ဘုရားပွဲတော်များ စတင် |
|
|
|
|
စစ်ကိုင်းမြို့ရှိ ၀ါတွင်းဘုရားစဉ် ၁၄ ပွဲတွင် ဆွမ်းဦးပုညရှင် စေတီတော်၌ ပထမဆုံး ဆွမ်းဦးကပ်လှူကြခြင်းဖြစ်ပြီး ဆွမ်းဦးပုညရှင် စေတီတော်တွင် အရုဏ်တော်ဝတ်အသင်းများနှင့်အတူ အနယ်နယ်အရပ်ရပ်မှ လာရောက်၍ ဆွမ်းဦးကပ်လှူပူဇော်ကြ သော်လည်း လာရောက်ကပ်လှူ ပူဇော်သူများအနေဖြင့် မည်မျပင်လာစေကာ မူနတ်၊သိကြားများမှ ဆွမ်းဦးကပ်လှူပြီး ဖြစ်နေလေ့ရှိကြောင်း အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။ စစ်ကိုင်းမြို့ ၀ါတွင်းဘုရားစဉ် ၁၄ ပွဲကို ပေါရာဏ လင်္ကာ မင်္ဂလာမှတ်တမ်းအရ 'ပုံ၊ တောင်၊ဇေ ၊ချမ်း၊ ဥ၊ နန်း၊ နံ၊ လေး၊ ပ၊ ထူ၊ ရှင်၊ ငါး၊ အောင်၊ ကောင်း'ဟူ၍ အစဉ်အတိုင်း ကျင်းပခြင်းဖြစ်ပြီး စစ်ကိုင်းမြို့၏ ဆွမ်းတော်ကြီး(အရုဏ်တော်) အသင်းများ စတင်ပေါ်ပေါက်လာသည့် နှစ်ကို ''ဥသြမြည်ဟည်းဆွမ်းတော်ကြီး'' ဟူသော နိယံမှန်စကားအရ မြန်မာသက္ကရာဇ် ၁၁၅၆ ခုနှစ် ဘိုးတော်ဘုရားလက်ထက် ကတည်းက ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရွာထောင်ရပ်၊ ရွှေသမားရပ်၊ အိုးဘိုရပ်၊ မန်ကျည်းစင်၊ တင်းတိပ်၊ ဆွမ်းချက်၊ ပုဂံရပ်၊ စီတီး၊ ပဲကတိုး၊ လက်လှုပ်၊ ရေခါးစသော ကျေးရွာ၊ ရပ်ကွက်များရှိ ဆွမ်းတော်ကြီး အသင်းများမှာ "ကောင်း၊ ပု၊ ရှင်၊ မင်၊ မြ၊ ဖီ၊ မီ၊ ဗော၊ ချမ်း၊ နန်း၊ စေ၊ လဲ၊ ကောင်း"ဟူ၍ ဘုရားစဉ်များ ခွဲခြား၍ ကပ်လှူပူဇော်လေ့ရှိကြောင်း သိရှိရသည်။ယင်းသို့ ခွဲခြား၍ ဆွမ်းတော်ကြီးကပ်လှူခြင်းမှာ ဘုရားပုထိုးများတွင် နေရာထိုင်ခင်း အခက်အခဲမရှိစေရန် တောင်ဘီလူး ဆရာတော်ကြီးက ညှိနှိုင်းမှုပြုစေပြီး ဆွမ်းတော်ကြီး ကပ်လှူခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။ "ဆွမ်းတော်ကြီး ကပ်လှူရာမှာ တောပွဲနဲ့မြို့ပွဲ ခွဲခြားပြီး ၀ါတွင်းကာလ ဥပုသ်နေ့တိုင်းမှာ ဘုရားစဉ်လင်္ကာအလိုက် ကပ်လှူခဲ့ကြတာ။ တောပွဲလို့ခေါ်တဲ့ ဘုရားစဉ်မှာ ရေခါးကျေးရွာမှာရှိတဲ့ ရွှေမြင်းမီဘုရား(မီ)၊နောက်ပြီး ဗောဓိကျိုက်ပတိုင်ဘုရား(ဗော)နဲ့ ပြူကံရွာအနီး ကလဲကျောင်းသိမ်း(လဲ)စတဲ့ ဘုရားစဉ်သုံးခုပဲ ကွဲလွဲပြီး ကျန်တဲ့ဘုရားတွေကတော့ နေ့ရက်လွှဲ ကပ်လှူတာပဲ ကွာ တာပါ"ဟု စစ်ကိုင်းမြို့ခံ လူကြီးတစ်ဦးက ပြောပြပါသည်။
|
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||




