ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


Pfingo ဖြင့် နိုင်ငံခြားဖုန်းခေါ်ဆိုသည့် ဈေးကွက်၏ လေးပုံတစ်ပုံအား Skype မှ သုံးလအတွင်း နေရာယူလာ PDF Print E-mail
 

 

   Pfingo ဖြင့် ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ဈေးကွက်၏ လေးပုံတစ်ပုံခန့်အား Skype မှ သုံးလ အတွင်း နေရာယူလာပြီ ဖြစ်ကြောင်း အင်တာနက်ဆိုင်အချို့နှင့် နိုင်ငံရပ်ခြားသို့ ပုံမှန်ဖုန်းခေါ်ဆိုလေ့ရှိသူများထံမှ စုံစမ်းသိရှိရပါသည်။

 
     စင်ကာပူအိုင်တီလုပ်ငန်းတစ်ခု မှ Pfingo ဖြင့် နိုင်ငံအသီးသီးသို့ ဖုန်းခေါ်ဆိုနိုင်ရန် စတင်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံ၌ Pfingo ဖြင့် ဖုန်းခေါ်ခြင်းမှာ ၂၀၀၇ ခုနှစ်မှစ၍ အကျွမ်း ၀င်ခဲ့သည်ဟု သိရသည်။
    'Pfingo နဲ့ နိုင်ငံခြားကို မြန်မာ ကနေ Account  ဖွင့်ပြီး ဖုန်းခေါ်ပေးတယ်။ စင်ကာပူကို အခေါ်များတယ်။ ကျန်တဲ့နိုင်ငံတွေထဲမှာတော့ မလေးရှား၊ ထိုင်းကို အခေါ်များ တယ်။ ဒါပေမယ့် ဒီလပိုင်းလောက် မှာ Users တွေက Skype ကို မေးလာတယ်။ ကျွန်တော်တို့လည်း Skype နဲ့ ၀န်ဆောင်မှု ပေးလာရတယ်' ဟု မြောက်ဒဂုံမြို့နယ်ရှိ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။


    ယခုအခါ မြန်မာနိုင်ငံ၌ နိုင်ငံရပ်ခြားသို့ ဖုန်းခေါ်ဆိုလျှင် အင်တာနက်ကိုအသုံးပြုကာ ဖုန်းခေါ်ဆိုမှုမှာ သာမန်ဖုန်းလိုင်းမှ ဖုန်းခေါ်ဆိုမှုထက် အခကြေးငွေ သက်သာမှုကြောင့် သုံးစွဲမှု ပိုမိုလာကြကြောင်း ABC ကွန်ပျူတာသင်တန်းနှင့် ကုမ္ပဏီလုပ်ငန်းတစ်ခုမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မျိုးလွင်က ပြောကြားခဲ့သည်။


    'နောင်နှစ်များစွာထိ အခုလို Pfingo တို့၊ Skype တို့ကနေ နိုင်ငံရပ်ခြားကို ဖုန်းခေါ်တာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့အိမ်တွေ၊ လုပ်ငန်း၊ ကုမ္ပဏီတွေမှာ Wireless  တပ်ထားရင် ကွန်ပျူတာရှေ့မှာထိုင်ပြီး ပြည်ပအဆက်အသွယ်အတွက် ဖုန်းခေါ်တာမျိုးတောင် မလုပ်တော့ဘဲ ကိုယ့်ရဲ့မိုဘိုင်းကနေ ဖုန်းခေါ်ပြီး ပြောနေတာတောင် အသုံးပြုလို့ ရနေပါပြီ' ဟု ဆင်မလိုက်မြို့နယ်တွင်းမှ အင် တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ဖြည့် စွက်ပြောပြခဲ့သည်။


    ထို့ပြင် နိုင်ငံရပ်ခြားသို့ တယ်လီဖုန်းလိုင်းမှ ဖုန်းခေါ်ဆိုမည်ဆိုပါက အွန်လိုင်းမှ ဖုန်းခေါ်ဆိုခြင်းထက် ပိုမိုကုန်ကျနိုင်မည်ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ အင်တာနက်ဖုန်းအား အသုံးပြုခြင်းမှာ နှစ်ပေါင်းများစွာ အထိအသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း အင်တာနက်ဖြင့် ပုံမှန်ဖုန်းခေါ်ဆို လေ့ရှိနေသူများကသုံးသပ်ကြသည်။


    အွန်လိုင်းမှ နိုင်ငံတကာသို့ဖုန်း ခေါ်ဆိုရာတွင် Pfingo ကို အသုံးပြု ခြင်းမှာပိုမိုများပြားလေ့ရှိသော်လည်း ဖုန်းခေါ်ဆိုခအနေအထား၊ ပေးသွင်း ရသည့် ကုန်ကျစရိတ်နှင့် ပိုမိုသက် သာသည်မှာ Skype ဖြစ်သည့် အတွက် အချို့သော အင်တာနက်ဆိုင်များနှင့် နေအိမ်၌ အင်တာနက် အသုံးပြုသူများသည် Skypeကို ပိုမို ကြိုက်နှစ်သက်ကြောင်း သိရသည်။


    ယခုအခါ အချို့သော အင်တာနက်ဆိုင်များသည် SMS စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ ၀န်ဆောင်မှုပေးခြင်းများလည်း ရှိနေပြီဖြစ်ရာ တစ်မိနစ်လျှင် နိုင်ငံလိုက် ခွဲခြားကာ ငွေကျပ်နှစ်ရာနှင့်အထက် ကောက်ခံကြသည်ဟု သိရသည်။


    ပြည်တွင်းမှ အွန်လိုင်းမှ တစ်ဆင့် ဖုန်းခေါ်ဆိုမှု အများဆုံးနိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ ယူအေအီး၊ ကာတာနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြကာ Pfingo  ဖြင့် အသုံးပြုမှု များပြီး ဖုန်းခေါ်ဆိုခ ကုန်ကျမှု အသက်သာဆုံးနိုင်ငံမှာ စင်ကာပူနိုင်ငံ ဖြစ်ကြောင်း သိရသည်။ Pfingo  မှာ Skype ထက်တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ သက်သာသည်ဟု ဆိုနိုင်သော်လည်း အသုံးပြုရန် လပေးဝယ်ယူသူများအနေဖြင့် စင်ကာပူတစ်နိုင်ငံ တည်းသာလျှင် အကန့်အသတ်မဲ့ ခေါ်ဆိုနိုင်ကြကာ ကျန်နိုင်ငံများ ထပ်မံခေါ်ဆိုမည်ဆိုပါက ငွေပေးသွင်းရကြောင်းနှင့် Skype မှာမူ ငွေချေထားလျှင် ပြည်ပနိုင်ငံများသို့ အကန့်အသတ်မရှိ တစ်လတွင်း ခေါ်ဆိုနိုင်ကြောင်း သိရသည်။

 နိုင်ငံအလိုက် Pfingo ဖြင့်ဖုန်းခေါ်ဆိုခနှုန်းများ

နိုင်ငံ  
 တစ်မိနစ်နှုန်း(ကျပ်)
 စင်ကာပူ  
  ၃၀ မှ ၅၀
 မလေးရှား   
  ၁၀၀
 ထိုင်း  
  ၁၀၀
 ယူအေအီး  
  ၅၀၀ မှ ၇၀၀
 တရုတ်(တိုင်ပေ)  
  ၁၀၀ မှ ၃၀၀
 ကူဝိတ်   
 ၁၂၀၀
 တောင်ကိုရီးယား  
 ၁၅၀
 အိန္ဒိယ  
  ၁၀၀ ခန့်

မှတ်ချက် ။  ။ ဆိုင်ပေါ်မူတည်၍ ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

 

Comments 

 
+2 #4 tun.thetnaing 2010-08-01 07:53
မင်္ဂလာပါခင်ဗျာ...Skype နဲ့ပက်သက်ပြီးသတ င်းမှာလိုတဲ့အချ က်
အလက်တွေကိုရှင်း ပြပါရစေ...
Skype က ဥရောပအခြေစိုက် အင်တာနက် ဖုန်းကုမ္ပဏီပါ။
Pfingo က စင်္ကာပူဖုန်းကုမ္ပ ဏီ StarHub ရဲ့လုပ်ငန်းတစ်ခုပါ။
အရည်အသွေးမှာ Skype က အရမ်းကောင်းပါတယ်။ ကမ္ဘာကျော်ပါပဲ။ ဒါပေမယ့် မြန်မာကို အ၀င်နောက်ကျတာက ၀ယ်လို့မလွယ်တာရ ယ်။ ဥရောပထုတ် product ဖြစ်နေလို့ပါ။
Skype ကအခုဆိုရင် မြန်မာမှာတော့ အသုံးဝင်လာနေပြါ ပီ။ ဘာလို့လဲဆိုတော့ မလေးတို့ ကိုရီးယားတို့ ရုရှတို့ကိုဈေး ချိုတယ်လေ။ စင်္ကာပူနဲ့ထိုင်း ကတော့ ပြောမနေပါနဲ့။ အလကားပေးဆက်သလား ထင်ရတယ်။
ကျွန်တော်တို့ ONLINE Business Group က ရောင်းချတဲ့ဈေး နှုန်းတွေတော့
စင်္ကာပူ Unlimited - တစ်လ ၇၅၀၀ ကျပ် (Discount ရှိ)
အမေရိကား Unlimited - တစ်လ ၇၅၀၀ ကျပ် (Discount ရှိ)
ကနေဒါ Unlimited - တစ်လ ၇၅၀၀ ကျပ် (Discount ရှိ)
ဟောင်ကောင် Unlimited - တစ်လ ၇၅၀၀ ကျပ် (Discount ရှိ)
တရုတ်အပါအ၀င်နို င်ငံလေးဆယ် Unlimited - တစ်လ ၁၅၀၀၀ ကျပ်(Discount ရှိ)

အသုံးများဆုံး Product ဖြစ်တဲ့

မလေး မိနစ် ၁၂၀ - ၆၀၀၀ ကျပ်
မလေး မိနစ် ၄၀၀ - ၁၇၀၀၀ ကျပ်
ကိုရီးယား မိနစ် ၁၂၀ - ၆၀၀၀ ကျပ်
ကိုရီးယား မိနစ် ၄၀၀ - ၁၇၀၀၀ ကျပ်
ရုရှ မိနစ် ၁၂၀ - ၆၀၀၀ ကျပ်
ရုရှ မိနစ် ၄၀၀ - ၁၇၀၀၀ ကျပ်

ဆက်သွယ်လိုပါက ONLINE Business Group ဖုန်း 01-690031 သို့ နံနက် ၉ နာရီမှ ညနေ ၄နာရီ (ရုံးချိန်အတွင်း)မေးမြန်းနိုင် ပါသည်။ Email ဖြင့်ဆက်သွယ်လို ပါက သို့ဆက်သွယ်နိုင်ပါသည်။
 
 
+1 #3 nayeyint 2010-07-31 23:22
မန်းနီးပါသောစကိုက်များနှင့်ပတ် သက်ပြီး သိလိုသည်များ တစ်ချို့ကိစ္စရပ် များကို အကူအညီလိုပါက ကိုဆက်သွယ်ပါ
 
 
+17 #2 winmoscow 2010-07-29 22:56
Online ကိုအကျိုးရှိရှိ အသုံးချနိုင်တဲ့ အထဲမှာ...အခြေခံ
လူတန်းစားတွေအတွ က်ကတော့..နိုင်ငံရပ်ခြားမှာအလုပ်
လုပ်နေကြတဲ့ သားသမီး..မိဘတွေဆီ ငွေကြေးသက်သာ
စွာနဲ့..ဆက်သွယ်နိုင်ခြင်းပါပဲ...
ဒီလိုသက်သာခွင့် လေးကိုတောင်..တစ်ခါတစ်လေကြရင် ..
ကျစ်ထားကြသေးပါရဲ့....
မစွပ်စွဲချင်ပါဘူး...ဆက်သွယ်ရေးမှမဟာ ဥာဏ်ကြီးရှင်များကို..

ဝဋ်တော့လည်ဦးမှာပါ....
 
 
+2 #1 Dynamo 2010-07-29 13:55
Quote:
'နောင်နှစ်များစွာထိ အခုလို Pfingo တို့၊ Skype တို့ကနေ နိုင်ငံရပ်ခြားကို ဖုန်းခေါ်တာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့အိ မ်တွေ၊ လုပ်ငန်း၊ ကုမ္ပဏီတွေမှာ Wireless တပ်ထားရင် ကွန်ပျူတာရှေ့မှာထိုင်ပြီး ပြည်ပအဆက်အသွယ်အ တွက် ဖုန်းခေါ်တာမျိုး တောင် မလုပ်တော့ဘဲ ကိုယ့်ရဲ့မိုဘို င်းကနေ ဖုန်းခေါ်ပြီး ပြောနေတာတောင် အသုံးပြုလို့ ရနေပါပြီ' ဟု ဆင်မလိုက်မြို့န ယ်တွင်းမှ အင် တာနက်ဆိုင် ပိုင်ရှင်တစ်ဦး က ဖြည့် စွက်ပြောပြခဲ့သည်။

ဟုတ်ပါ့မလား..မောင်ကာဠု ရယ်..အဲဒီ အိမ်မှာထားခဲ့မယ် ဆိုတဲ့
wireless router ကြီး မီးပျက်နေလို့ဆိုရင်ကော :-*

3G မြည်းစမ်းခွင့်အ တွက်တော့ ကြိုဆိုပါတယ်