ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ချီကန်ဂန်ညာ တုပ်ကွေးသည် သွေးလွန်တုပ်ကွေး လက္ခဏာအများစုနှင့် တူ၍ ဂရုပြုဖွယ်ဖြစ် PDF Print E-mail
    ခြင်ကျားမှတစ်ဆင့် ကူးစက်သည့် ချီကန်ဂန်ညာ(Chikungunya) တုပ်ကွေးဖြစ်ပွားမှုသည် အသက်အန္တရာယ်မရှိသော်လည်း သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာအများစု နှင့် အသွင်တူ၍ ဂရုပြုဖွယ်ဖြစ်လာကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များထံမှ သတင်းရရှိပါသည်။

 
      ချီကန်ဂန်ညာ တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးရောဂါနှင့် ရောဂါလက္ခဏာ အများစုတူညီသည့် အပြင် ထင်ရှားသည့် လက္ခဏာများ မှာ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်းများ ဖြစ်ပေါ်ပြီး သွေးလွန်တုပ်ကွေး ရောဂါကဲ့သို့ သွေးလန့်ခြင်း၊ သွေးယိုခြင်းမရှိကြောင်း သိရပါသည်။


    ' အခုချိန်က သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွားမှုကို အထူးသတိပြုရမယ့် အချိန်ဖြစ်သလို ချီကန်ဂန်ညာတုပ်ကွေးကိုလည်း သတိပြုရ မယ့်အချိန်ပါ။ ဒီရောဂါနှစ်မျိုးလုံးက ရောဂါဖြစ်သူရဲ့ သွေးကိုခြင်ကျားက အစာအဖြစ်စုပ်ယူပြီး နောက်တစ်ဦးကို ပြန်ကိုက်ရာကနေ ကူးစက်ပါတယ်။ ရောဂါလက္ခဏာက သုံးရက်ကနေ ငါးရက်အတွင်းလက္ခဏာပြပြီး  ရောဂါကူးစက်ခံရသူက ငါးရက်အတွင်း ခြင်ကိုက်မခံရအောင် နေထိုင်ရပါမယ်။  ခြင်ကိုက်ခံရင် ငါးရက်အတွင်းမှာ အခြားသူကို ပြန်လည်ကူးစက်နိုင်ပါတယ်။ ကူးစက်လည်းမြန်ပါတယ်။ ကလေးငယ်၊ ကလေးကြီးတွေအပြင် လူကြီးတွေမှာပါရောဂါဖြစ်ပွားနိုင်ပါ တယ'ဟု ရန်ကုန်ကလေးဆေးရုံကြီး မှ ကလေးအထူးကုဆရာဝန်ကြီး ဦးဝင်းမြတ်အေးက ရှင်းပြခဲ့သည်။


    ချီကန်ဂန်ညာတုပ်ကွေး ဖြစ်ပွားပါက ရုတ်တရက်အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ အရိုးအဆစ်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ်ပေါ်၌ အနီစက်၊ အနီကွက်များထွက်ခြင်း၊ နုန်းခွေခြင်း စသည့်လက္ခဏာများ ပြသလေ့ရှိကြောင်း သိရပါသည်။ အဖျားသည် နှစ်ရက်မှ သုံးရက်အတွင်း ကျဆင်းတတ်ပြီး တစ်ရက် နှစ်ရက်ခြားကာ အဖျားပြန်တက်တတ်ကြောင်း၊ တစ်ပတ်အတွင်း အလိုလိုပြန်လည်ကောင်း  မွန်တတ်ကြောင်း သိရပါသည်။ အဆစ်ရောင်ခြင်း၊ အဆစ်နာခြင်းများ ကို နှစ်ပတ်ကျော်အထိ ကလေးလူကြီးမရွေး ခံစားရတတ်ကာ ကိုယ်လက်ကိုက်ခဲမှုနှင့် အဆစ်အမြစ်ရောင်ရမ်းမှုတို့သည် အချို့လူနာများတွင် တစ်ပတ်မှ တစ်လ၀န်းကျင်သာကြာ မြင့်သော်လည်း အချို့လူနာများတွင် တစ်လကျော်မှ နှစ်နှင့်ချီ၍ကြာမြင့်နိုင်ကြောင်း၊ အသက်အရွယ်နှင့်နဂိုရှိပြီးသော အကြောအဆစ်နှင့်ဆိုင်သည့် ဝေဒနာများပေါ်တွင် မူတည်ကြောင်း သိရပါသည်။


ချီကန်ဂန်ညာ တုပ်ကွေးရောဂါ သည် Togaviridae အုပ်စုဝင်ဖြစ်ပြီး Alphavir အမျိုးအစားဝင် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ၁၉၇၅ ခုနှစ်ကဖြစ်ပွားခဲ့ဖူးသော တုပ်ကွေးရောဂါတစ်မျိုးဖြစ်ပြီး အာရှဒေသအတွင်း ၁၉၆၀ နှင့်၁၉၈၂ ခုနှစ်အတွင်း ဖြစ်ပွားမှုနှုန်းမြင့်မားခဲ့ ..


    ကိုယ်ဝန်ဆောင်မိခင်လောင်း များတွင် ချီကန်ဂန်ညာတုပ်ကွေးဖြစ် ပွားပါက မွေးကင်းစကလေးတွင် ရောဂါခံစားရပြီး ပြင်းထန်မှုနည်းပါးကြောင်း၊ မွေးရာပါချို့ယွင်းမှု ဖြစ်ပွားမှုမရှိကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရပါသည်။ သို့သော် သက်ကြီးရွယ်အိုများ၊ ဆီးချို ရောဂါ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအား ကျဆင်းသူများတွင် နောက်ဆက်တွဲ ဆိုးကျိုးများရရှိနိုင်ကြောင်း သိရပါသည်။


     ချီကန်ဂန်ညာ တုပ်ကွေးရောဂါ သည် Togaviridae အုပ်စုဝင်ဖြစ်ပြီး Alphavir အမျိုးအစားဝင် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ၁၉၇၅ ခုနှစ်ကဖြစ်ပွားခဲ့ဖူးသော တုပ်ကွေးရောဂါတစ်မျိုးဖြစ်ပြီး အာရှဒေသအတွင်း ၁၉၆၀ နှင့်၁၉၈၂ ခုနှစ်အတွင်း ဖြစ်ပွားမှုနှုန်းမြင့်မားခဲ့ကြောင်း သိရသည်။


    ' ဒီရောဂါကအာဖရိက၊ အရှေ့တောင်အာရှ အိန္ဒိယကျွန်းစွယ်စတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ ကာကွယ်ဆေးလည်း မရှိတာကြောင့် ခြင်နှိမ်နှင်းရေးလုပ်ငန်းတွေက အဓိက ကျပါတယ်။ လက်ရှိရောဂါဖြစ်ပွား သူတွေလည်း တွေ့ရပါတယ်။ ခြင်ကတစ်ဆင့် ကူးစက်တာကြောင့် ခြင်ရှိတဲ့ ရပ်ကွက်တိုင်း မြို့နယ်တိုင်းမှာဖြစ် တယ်။ တစ်အိမ်တည်းနေထိုင်တဲ့ မိသားစုအချင်းချင်းလည်း ရောဂါကူးစက် နိုင်ပါတယ်။ ရောဂါဖြစ်ပွားရင်စနစ် တကျ ကုသမှုခံယူမယ်ဆိုရင် အသက် အန္တရာယ်မရှိပါဘူး'ဟု အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက ဆိုသည်။


    လက်ရှိကာလသည် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနှင့် ချီကန်ဂန်ညာတုပ်ကွေးဖြစ်ပွားသည့် ရာသီအချိန်အခါဖြစ်ကြောင်း သိရပါသည်။