ပြည်တွင်းသတင်းများ
- ၂၀၀၉ ခုနှစ်အတွင်း မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉ ဒသမ ၆၆ ထုတ်ယူနိုင်ခဲ့
- နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
- ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သည်ကို တွေ့ရှိပါက ယခင်ဒဏ်ကြေး ပေးဆောင်ရမှုမှ အရေးယူဆောင်ရွက်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း သိရ
- လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ စိစစ်မည်
- ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
- လွှတ်တော်အလိုက် ဆန္ဒမဲပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ
- မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် တရုတ်တစ်နိုင်ငံတည်းမှ လေးလ အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် လာရောက် မြှုပ်နှံထား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
- ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
- မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
- လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
- စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
- နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
- ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သမားများကို ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ထုတ်ချေး
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
ပြည်ပမှ တရားမ၀င် တင်သွင်းလာသော လိုင်စင်မဲ့ကားများ တရားဝင်လိုင်စင် ပြုလုပ်ရန် ကာလတန်ဖိုး လာရောက်စိစစ်ခံရာတွင် ကားကောင်းခြင်း၊ ညံ့ခြင်းထက် မော်ဒယ်ကိုသာကြည့်၍ မော်ဒယ်အလိုက် ဈေးတစ်မျိုးတည်း သတ်မှတ်ပေးနေသည့် ပုံစံမျိုး ဖြစ်နိုင်ကြောင်း စိစစ်ခံသူများထံမှ သိရှိရသည်။ ''ဇူလိုင်လ ၂၇ ရက်နေ့မှာလာပြီး ကာလတန်ဖိုးသတ်မှတ်ခံခဲ့တဲ့ Pajero V46 အမျိုးအစားကို ကျပ်သိန်း ၁၁၀၀ ကာလတန်ဖိုး သတ်မှတ်တယ်။ ဇူလိုင်လ ၂၈ ရက်နေ့လာပြီး စိစစ်ခံတဲ့ Pajero V46 ကိုလည်း ကျပ်သိန်း ၁၁၀၀ ပဲသတ် မှတ်တယ်ဆိုတော့ မော်ဒယ်တစ်မျိုးကို ဈေးတစ်မျိုးတည်း ပုံသေသတ်မှတ်ပေးတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ Pajero V46 ချင်းတူပေမဲ့ ကားကောင်းတာခြင်းကတော့ မတူဘူး။ ဒီတော့ ကားကောင်းတာညံ့တာထက် မော်ဒယ်ပေါ်မှာပဲ အဓိကကြည့်ပြီး ဈေးဖြတ်ပေးနေတယ်လို့ ယူဆရပါတယ်။ လာပြီးစိစစ်ခံတဲ့ ကားတိုင်းကို မော်ဒယ်နဲ့ပဲ အဓိက စစ်ဆေးတာတွေ့ရလို့ပါ။ ဆိုလိုတာက ကားဝယ်ရောင်းအခေါ် ချွတ်ကျန်ဆိုတာမျိုးပဲဖြစ်ဖြစ် မူရင်းကား အမျိုးစားမှန်ပဲ ဖြစ်ဖြစ် အဲဒီ နှစ်မျိုးဟာ မော်ဒယ်တစ်မျိုးတည်းဆိုရင် ချွတ်ကျန်လည်း မူရင်းအမျိုးအစားကို သတ်မှတ်တဲ့ ဈေးအတိုင်းဖြစ်မှာပဲလို့ ပြောရတာပါ''ဟု ကာလတန်ဖိုး လာရောက်စိစစ်သတ်မှတ်ခံသူ တစ်ဦးက ရှင်းပြခဲ့သည်။ ဇူလိုင်လ ၂၃ ရက်နေ့၊ ဇူလိုင် လ ၂၇ ရက်နေ့နှင့် ဇူလိုင်လ ၂၈ ရက်နေ့များအတွင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့သို့ လိုင်စင်မဲ့ ကားအစီး ၂၀ ကျော် လာရောက်၍ တန်ဖိုးသတ်မှတ်ခံခဲ့ကြောင်း လာရောက် စိစစ်ခံသူများက ဆိုသည်။ ''သုံးရက်မှာ ၂၄ စီးလောက် လာပြီး ကာလတန်ဖိုး စိစစ်ခံတာ တွေ့ရတယ်။ အဲဒီမှာ Suzuki R+ ဆိုရင် ကျပ်သိန်း ၄၃၀ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ပေးတယ်။Hilux Double Cab C107 ကို ကျပ်သိန်း ၇၀၀၊ RAV4 ကို ကျပ် သိန်း ၇၀၀ အဲဒီလို သတ်မှတ်တယ်။ Mitsubishi Extra Cab မော်ဒယ်နိမ့်ကို ကျပ်သိန်း ၄၃၀ သတ်မှတ်ပေးတာရှိတယ်။ ဒါတွေကျတော့ တစ်ကယ်တမ်း အဲဒီသတ်မှတ်တာရဲ့ ၈၅ ရာခိုင်နှုန်း၊ ကညန ပေးသွင်းငွေ ကျပ် ၁၅၁၅၀၀၀ နဲ့ မူလကားတန်ဖိုး စုစုပေါင်းတွက်လိုက်ရင်တော့ ပြင်ပပေါက်ဈေးထက် အများကြီး ကျော်သွားမှာပေါ့။ တစ်ခြား ကားအများစုကတော့ ပြင်ပပေါက်ဈေးနီးပါး၊ ပြင်ပပေါက်ဈေး တန်းတူပဲ ကျသင့်တာ တွေ့ရတယ်။ ကားတစ်စီးစနှစ်စီးစကတော့ ဈေး တန်သွားတာ တွေ့ရတယ်။ အခုသတ်မှတ်ပေးတဲ့ ကာလတန်ဖိုးအများစုက ဈေးကွက်ထဲမှာ အစောဆုံးထွက်ခဲ့တဲ့ 'ခန့်မှန်းကား တန်ဖိုးစာရင်းများ'ဆိုတဲ့ စာရင်းမှာ ပါတာနဲ့ အတူတူနီးပါးပါပဲ''ဟု ဇူလိုင်လ ၂၈ ရက်နေ့တွင် ကားတစ်စီး အတွက် ကာလတန်ဖိုး လာရောက်စိစစ်ခံသူတစ်ဦးက ရှင်းပြခဲ့ပါသည်။ ပေးဆောင်ရသည့် နှုန်းထားအခြေအနေကို လာရောက်လေ့လာသူများ ပိုများပြီး သတ်မှတ်ပေးသည့် ဈေးမှာ ကိုက်ညီမှုရှိမရှိ၊ မည်သို့ သတ်မှတ်ပေးနေသည် ဆိုခြင်းကို လေ့လာသူ ပိုများကြောင်း သိရသည်။ ''စောင့်ကြည့်တဲ့သူ ပိုများတယ်။ ဘယ်လို သတ်မှတ်ပေးတာလဲ။ အပြင်ဈေးနဲ့ ကိုက်ပါ့မလား တွက်ကြတယ်။ အပ်ပြီးမှ မတန်တဆ ဖြစ်ကုန်မှာကို အစိုးရိမ်ဆုံးပဲလေ။ ဈေးသတ်မှတ်ပေးမှုကို လေ့လာကြတာများတယ်။ တချို့ကားလေးတွေကို ပထမရက်တွေတုန်းက သတ်မှတ်တဲ့ဈေးက အပြင်ဈေးထက် ကျော်သွားတော့ နောက်တွန့်သွားတာပေါ့။ ဘယ်သူမဆို ကိုက်ညီတဲ့ နှုန်းထားဖြစ်မှ လာရဲကြမှာပါ။ ကျွန်တော်လည်း ထို့နည်းတူပါပဲ။ အရမ်းကွာဟသွားတာမျိုး ကြုံရင် လာတဲ့သူတွေ နောက်တွန့်ကုန်မှာပဲ။ ၈၅ ရာခိုင်နှုန်းက ပြဿနာမဟုတ်ဘူး။ သတ်မှတ်ပေးတဲ့ ကာလတန်ဖိုးက အပြင်ဈေးနဲ့ ကိုက်ညီဖို့၊ လာအပ်တဲ့အထဲမှာ အမျိုးအစားတူလာအပ်တဲ့သူတွေ တစ်ယောက်ဈေးတစ်မျိုး သတ်မှတ်တာမျိုး မဖြစ်ရင် ပိုပြီးလာကြလိမ့်မယ် ထင်တယ်''ဟု ယာဉ်နှစ်စီးအတွက် ကာလတန်ဖိုး လာရောက်စိစစ်သူတစ်ဦးက ဆိုသည်။
|
||||||||||||||||||||||||||||||||||||||||||||||||||||||||





Comments
ကျွန်တော်တို့ ကားဝယ်တာက နိုင်ငံခြားငွေနဲ့ ပါ ။ ပြည်ပနိုင်ငံတွေ မှာ ဒေါ်လာနဲ့ တိုက်ရိုက်ဝယ်ခဲ့ ကြတာပါ ။ အဲဒီတော့ ကာလတန်ဖိုးဆိုတာ မူရင်းကားထုတ်လု ပ်တဲ့ ဈေးနူန်းပေါ်မှာ ဘဲ မူတည်သင့်တယ်လို့  ထင်တယ်လေ။
နောက်တစ်ခု က အစိုးရရဲ့ တရားဝင် နိုင်ငံခြားငွေ လဲလှယ်နူန်းထားကို သူတို့ ကိုယ်တိုင် အသိအမှတ်ပြုလို့ ဆက်သုံးနေသေးတယ် ဆိုရင် တစ်ခုလောက်စဉ်းစားကြည့်ပါ ။ နိုင်ငံခြားမှာကားတစ်စီးရဲ့ မူလပေါက်ဈေး က ဒေါ်လာ ငါးသောင်းဆိုရင် အစိုးရဲ့ ငွေလဲလှယ်နူန်းနဲ့ ကြည့်မယ်ဆိုရင် မြန်မာငွေ သုံးသိန်းဘဲ ရှိပါတယ်။ သုံးသိန့်းရဲ့ ၈၀% ဆိုရင် နှစ်သိန်းလေးသော င်းဘဲ ကြပါတယ်။
အဲဒီကိစ္စကို အစိုးရဆီက တောင်းဆိုပြီးမှ အခွန်ဆောင်ကြပါလို့ အကြံပေးချင်တယ် ။ ဒါကို လက်မခံဘူးဆိုရင် သူတို့ဟာ သူတို့သတ်မှတ်ထားတဲ့ ငွေလဲလှယ်နူန်းကို မလိုက်နာနိုင်ဘဲ ဘာဖြစ်လို့ ကျင့်သုံးနေတာလဲ မေးကြည့်ကြပါ ။
ပြည်ပရောက် မြန်မာတွေ အခွန်ပေးဆောင်ရရ င် သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေ လှဲလှယ်နူန်းနဲ့ တွက်ပြီး တိုင်းပြည်ဘဏ္ဍာဆိုပြီး လွှဲပြောင်းတာ ပါ ။ နိုင်ငံခြားမှာ သုံးနှစ်လောက် လုပ်လာတဲ့သူပေးေ ဆာင်ရတဲ့ အခွန်ဆိုတာ ကာလတန်းကြေးနဲ့ဆို တော်တော်လေးကိုများပါတယ်။ သို့သော် တိုင်းပြည်ဘဏ္ဍာအြ ဖစ်သူတို့ သတ်မှတ်လိုက်တာ က ကျပ်ထောင်ဂဏန်းဘဲ ရှိပါတယ်။
ဒီလောက်တော့ ပြည်သူလူထုအနနဲ့ တောင်းဆိုသင့်ပါ တယ်လို့ ပြောကြားလိုပါတယ်ဗျာ။
ဝင်ရှင်းလင်းတာမျိုးမရနိုင်ဘူးလားခင်ဗျား။
မော်တော်ယာဉ်လေလံ တစ်စီးပျမ်းမျသိ န်း ၅၀၀ အစီး ၁၅၀၀၀ စုစုပေါင်း သိန်းပေါင်း၇၅ သိန်း၊ ကျပ်ငွေဘီလီလျံ ၇၅၀၊ ဒေါ်လာသန်း ၇၅၀။
အခုလိုင်စင်မဲ့ကား ၂၀၀၀၀၊ တစ်စီးပျမ်းမျသိ န်း ၄၀၀ (???)
တရားမ၀င်အခွန်ကောက်တာပါ။ ဒီကနေအသုံးစရိတ် ၊ ကျန်းမာရေးအတွက် ဒေါ်လာသန်း ၅၀၊ ပညာရေးအတွက် သန်း ၅၀၊ ကြည့်သော သူသည် မြင်၏။
ခိုးစီးရင်ဈေးသ က်သာတယ်။ ဘယ်သူကလိုင်စင်မဲ့စီးချင်မလဲဗျာ ။ ဈေးက ဆယ်ဆ၊ အခွန်ဆောင်ရင်လည်း ကုသိုလ်မရ၊ အရေးကြီးတဲ့နေရာ တွေလည်းမသုံး၊ ပြီးတော့ ခိုးကားတွေသွင်း တာ ၀ိသမစီးပွားရေးတဲ့လား၊ ၀ိသမအခွန်ကောရှိ လား။ အခုတောင်ဒီလောက် များတဲ့အခွန်ကို ၀မ်းသာ အားရဆောင်ချင်ရှာလို့ ကားစီးချင်တဲ့သူ တွေ Without တွေလိုက်ဝယ်နေကြ ပြီ။ မြ၀တီ၊ တာချီလိတ်နဲ့ တရုတ်နယ်စပ်မှာ 'တိုး'မပေါက်ပဲလေ။