ပြည်တွင်းသတင်းများ
- အသက် ၁၇ နှစ်နှင့် ၂၁ နှစ် အရွယ်ရှိ လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သည့် လုံခြုံရေး အရာရှိနှင့် စစ်သည်များအား အရေးယူမည်ဟု သိရ
- FEC နှင့် earning ဈေးများ နာရီပိုင်းအတွင်း ထိုးဆင်းနေ
- ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသားများ ပိုမိုများပြားလာ၍ ထောက်ပံ့မှုများ လိုအပ်နေ
- နိုင်ငံတကာ ကုန်စည်ပြပွဲများ သွားရောက်ပြသရာတွင် ရောင်းဝယ်မှုအသွက်ဆုံး ကုန်စည်မှာ ကျောက်မျက်ပစ္စည်းဖြစ်ပြီး ပြည်တွင်းထုတ် အခြားကုန်စည်အများစုမှာ ပြပွဲသွားရောက်မှုစရိတ် ပြန်ရရေးလုံးပမ်းရသည်က ပိုများကြောင်းသိရ
- ရန်ကုန်မြို့တွင် ၀ိုင်ဖိုင်ဇုန်များ ထပ်မံတိုးချဲ့ရန် စီစဉ်နေကြောင်း သိရ
- ၂၀၁၀ ပြည့်နှစ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပုဂ္ဂလိကအက်ဖ်အမ် ရေဒီယိုလိုင်းပေါင်း ၇ ခုရှိလာခဲ့ပြီး ၂၄ နာရီ ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်းတစ်ခု အပါအ၀င် ထုတ်လွှင့်ပြသနေသည့် ရုပ်မြင်သံကြားလိုင်းမှာ ၄ ခုရှိလာ
- မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူ ဦးရေနှစ်သိန်းသုံးသောင်းကျော် ရှိကြောင်း သိရ
- မှတ်ပုံတင်ထားခြင်း မရှိသည့် အနောက်တိုင်းဆေး ရောနှောတိုင်းရင်းဆေးဝါး ၁၂ မျိုးကို သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားကြောင်း သိရ
- နယ်မှလာသည့် ရွေ့လျားဈေးသည်များ အသွင်ဖြင့် နေအိမ်များသို့သွားရောက်ကာ လိမ်လည်ရောင်းချမှုများရှိနေ
- သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် လာမည့်အောက်တိုဘာလ ၂၉ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိ
- အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည့်ဒေသများကို ဖြတ်သန်းရမည့် သင်္ဘောသားတိုင်း သင်္ဘောနှင့် သက်ဆိုင်သည့် အာမခံ၊ အခွင့်အရေးများကို နားလည်ထားရမည်ဟုသိရ
- ပြည်တွင်းစက်မှုဇုန်၌ ပြန်လည်တည်ဆောက်သော သစ်လုံးတင်ယာဉ်များတွင် လုံခြုံခိုင်ခံ့သည့် ယာဉ်ဖွဲ့စည်းမှုမျိုး အမြန်ပြုပြင်ထားကြရန် ညွှန်ကြားချက်ထုတ်ပြန်
- မြစ်ရေကြီးမှု တတိယကာလအတွင်း ဧရာဝတီမြစ်၊ ဒုဋ္ဌ၀တီမြစ်နှင့် သံလွင်မြစ်တို့တွင် စိုးရိမ်ရေမှတ်များသို့ ရောက်နိုင်သည်ဟု ခန့်မှန်း
- ဆိုင်ခန်းနေရာ ဖယ်ခိုင်းသော သက်ဆိုင်ရာ၏ ညွှန်ကြားချက် အမိန့်တစ်ရပ်သည် ဥပဒေနှင့်ညီညွှတ်မှုမရှိ၍ ဆိုင်ခန်းနေရာ မဖယ်ပေးသူများ အနိုင်ရသည့်အမှုရှိခဲ့
- အရပ်လက်သည်၊ ဆေးဆရာနှစ်ဦးတို့နှင့် မီးဖွားရာမှ မိခင်သေဆုံးခဲ့ရသည့် ဖြစ်ရပ်အား ကျန်းမာရေးဦးစီးဌာနက စစ်ဆေးခဲ့
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ရှိရာရုံးသို့ မိမိအစီအစဉ်ဖြင့် လာရောက်စိစစ်ခံသည့် လိုင်စင်မဲ့ယာဉ်များအား ယာဉ်ထိန်းတပ်ဖွဲ့မှ ရုံးပတ်ပတ်လည်တွင် တင်းကြပ်စွာ စောင့်ကြည့်အရေးယူ |
|
|
|
|
ပြည်ပမှ တရားမ၀င် တင်သွင်းလာသော လိုင်စင်မဲ့ကားများကို တရားဝင်လိုင်စင် ပြုလုပ်ရန်အတွက် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ရှိရာရုံးသို့ မိမိအစီအစဉ်ဖြင့် လာရောက်စိစစ်ခံသည့် လိုင်စင်မဲ့ယာဉ်များအား ယဉ်ထိန်းတပ်ဖွဲ့မှ ရုံးပတ် ပတ်လည်ရှိ လမ်းများတွင် တင်းကြပ်စွာ စောင့်ကြည့်အရေးယူလျက်ရှိပြီး ထိုကဲ့သို့ အရေးယူမှုနောက်ပိုင်း လာရောက် စိစစ်ခံသည့် လိုင်စင်မဲ့ယာဉ် အရေအတွက်မှာ ယခင်ရက်များက လာရောက်စိစစ်ခံသည့် ကားအရေအတွက်၏ သုံးပုံတစ်ပုံသာ လာရောက်မှုရှိကြောင်း သတင်းရရှိပါသည်။ "လိုင်စင်မဲ့ကားတွေကို တရားဝင်ဖြစ်စေဖို့ ကာလတန်ဖိုး စိစစ်သတ်မှတ်ပေးနေသောကြောင့် လိုင်စင်မဲ့ကားတွေ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ရုံးကိုသွားပြီး စိစစ်ခံနေပါတယ်။ အစောပိုင်းရက်တွေတုန်းက ရုံးရှိရာသွားတဲ့ လမ်းတစ်လျှောက်မှာ ဘာအတားအဆီးမှ မရှိပေမယ့် ၂၉ ရက်နေ့ကစပြီး ယာဉ်ထိန်းတပ်ဖွဲ့က ရုံးပတ်ပတ်လည်မှာရှိတဲ့ လမ်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့် အရေးယူလာတာ တွေ့ရတယ်။ ရုံးကိုလာလို့ရတဲ့ လမ်းမကြီးတွေမှာရော လမ်းကြိုလမ်းကြားတွေမှာပါ ယာဉ်ထိန်းတပ်ဖွဲ့တွေ ရှိနေတဲ့အတွက် အရေးယူမခံရဘဲ ရုံးကိုရောက်ဖို့ မလွယ်ကူတဲ့ အခြေအနေမျိုးပါ။ ဒါကြောင့် ၃၀ ရက်နေ့ကစပြီး လာပြီးစိစစ်ခံတဲ့ လိုင်စင်မဲ့ယာဉ် အရေအတွက် လျော့ နည်းသွားတာ တွေ့ရတယ်"ဟု ကားဝယ်ရောင်းတစ်ဦးက ပြောကြားခဲ့ပါသည်။ ထိုသို့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံးသို့ လာရောက်စိစစ်သည့် လိုင်စင်မဲ့ကားများကို ယာဉ်ထိန်းတပ်ဖွဲ့မှ စောင့်ကြည့်အရေးယူရာတွင် လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းတို့အပြင် ရုံးသို့ရောက်ရှိနိုင်သည့် လမ်းသွယ်များ အနီးတွင်ပါ တားဆီး အရေးယူနေခြင်း ဖြစ်ကြောင်း၊ ၂၉ ရက်နေ့တွင် လာရောက်စိစစ်ခံသည့် လိုင်စင်မဲ့ယာဉ်များအနက် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးယူခဲ့သည့် ယာဉ်အချို့ပါဝင်ကြောင်း သိရပါသည်။ "၂၉ ရက်နေ့က ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံးကို လာရင်း ယာဉ်ထိန်းတပ်ဖွဲ့ရဲ့ အရေးယူမှုကို ခံခဲ့ရတယ်။ တရားဝင်ဖြစ်စေဖို့အတွက် ဒီရုံးကိုလာတာပါလို့ ပြောပေမယ့် ကားကို ၅၁ လမ်းရုံးကို မောင်းခိုင်းပါတယ်။ မလိုက်နိုင်ဘူးဆိုရင် ကားကို မောင်းခွင့်မပေးဘဲ ရပ်ထားခိုင်းတယ်။ ၅၁ လမ်းရုံးရောက်တော့ ထွက်ဆိုအစစ်ခံချက် ပြုလုပ်ရပါတယ်။ အစစ်ခံပြီးတော့မှ ကာလတန်ဖိုး စိစစ်သတ်မှတ်ပေးရေးရုံးကို သွားရတယ်။ သွားတဲ့နေ့အတွင်းမှာ ကာလတန်ဖိုး စိစစ်တာ မပြီးရင် ကားကိုရဲစခန်းမှာ ပြန်အပ်ရပါတယ်။ ကျသင့်တန်ဖိုးကို ဘဏ်မှာငွေပေးသွင်းပြီးမှ ကားကို ပြန်ထုတ်ယူခွင့်ရပါတယ်"ဟု ယာဉ်ထိန်းတပ်ဖွဲ့၏ အရေးယူမှုကို ခံယူခဲ့ရသူ ယာဉ်ပိုင်ရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။ လိုင်စင်မဲ့ယာဉ်များအား တရားဝင်ဖြစ်စေရန် စတင်ဆောင်ရွက်ပေးသော ဇူလိုင်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၂၉ ရက်နေ့ထိ ကာလတန်ဖိုး စိစစ်သတ်မှတ်ပေးရေး အဖွဲ့ရုံးသို့ လာရောက်စိစစ်ခံသော လိုင်စင်မဲ့ယာဉ် အရေအတွက်မှာ ၃၅ စီးရှိဖြစ်ကြောင်း၊ ဇူလိုင်လ ၂၃ရက်နေ့၊ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ သုံးရက်အတွင်း ယာဉ်စီးရေ ၂၀ ကျော် လာရောက်စိစစ်မှု ခံယူပြီး ၂၉ ရက်နေ့တွင် ယာဉ်စီးရေ ၁၀ ကျော် လာရောက်စိစစ်ခဲ့ကြကြောင်းနှင့် ၂၉ ရက်နေ့တွင် ယာဉ်ထိန်းတပ် ဖွဲ့၏ ရုံးအနီးဝန်းကျင် ပတ်ပတ်လည်၌ တင်းကြပ်စွာ စောင့်ကြည့်အရေးယူမှု နောက်ပိုင်း ဇူလိုင်လ ၃၀ ရက်နေ့တွင် ကာလတန်ဖိုး စိစစ်သတ်မှတ်ပေးရေးရုံးသို့ လာရောက်စိစစ်ခံသည့် ယာဉ်စီးရေမှာ နံနက်ပိုင်းတွင် သုံးစီးသာရှိကြောင်း သိရပါသည်။ |





Comments
အရမ်းကိုရွံစရာေ ကာင်းတဲ့...အဖွဲ့အစည်းပါ..လိုအပ်တဲ့နေရာမှာဘယ်တော့မှ..မရှိဘူး..အစိုးရကလည်း...လခကိုဝန်ထမ်းတွေ အတွက်လုံလောက်အောင်မပေးတော့..ဒီခေါင်းဖြူတွေအ တွက်ကတော့..ခွေးဘုရားပွဲလှည့်နေသလိုဖြစ်နြေ ကပြီလေ..သြော်...ဒီနိုင်ငံမှာတော့ ..။
ပါတယ်ခင်ဗျ....
မြို့တွင်းယာဉ်ေ ကြာထူထပ်တဲ့နေရာ တွေမှာ..ယာဉ်ကြော
ရှင်းလင်းဖို့တာ ၀န်မရှိကြပဲ...
မြို့အ၀င်/အထွက်လမ်းမကြီးေ တွမှာ..ဓါတ်တိုင်တစ်တို င်
အကွာလောက်ကို စစ်ဆေးရေးအဖွဲ့ေ ပါင်းများစွာနဲ့ ...
မယားကြီး..မယားငယ်တွေအတွက် အားသွန်ခွန်စိုက်..
ဘဏ္ဍာငွေရှာဖွေနြေ ကတယ်လေ...
ပြောမယုံ..ကြုံဖူးမှသိမှာပါ....
အော် သိပြီး....လိုင်စင်မဲ့ကားေ တွကို ပိုက်ဆံယူပြီးပေးသွင်း...များလာတော့မှသိမ်း...ပြီးတော့..ဘယ်အဖွဲ့ကို ဘယ်နှစီးဆိုပြီး ခွဲတမ်းချ....ပိုက်ဆံလည်းရ..ကားလည်းရ..ကောင်းလေစွ..ကောင်းလေစွ..ဟားဟ
ကောင်းလိုက်တဲ့..အကြံ..
ဟုတ်ပါတယ်နော်...
တရားမ၀င်ကားကို သတင်းပေး ဖမ်းဆီးပေးရင် ဆုငွေ ၁၀ ရာခိုင်နှုံး ရမှာလေ....
ဒါကြောင့် တရားမ၀င်ကားတွေကို ခက်ခက်ခဲခဲရှာဖွေမနေတော့ဘူးလေ..
အလွယ်တကူ ရုံးပတ်ပတ်လည် စောင့်ဖမ်းရုံဘဲ လေ....
နည်းတဲ့ဂွင်ကြီး မှ မဟုတ်တာ....
ဒီသတင်းရဲ့နောက် ဆက်တွဲလေး ဆက်ပြီးဖော်ပြပေးပါအုံး ခင်ဗျား။